နောက်ပိုင်းထွက်စမတ်ဖုန်းတွေဟာ သွားလေရာ ယူသွားနိုင်တဲ့ အရည်အသွေးမြင့် လက်ကိုင်ဗွီဒီယိုကင်မရာ Camcorders တွေလို ဖြစ်လာပါပြီ။ Upper Mid-range ဖုန်းတွေမှာ 4K Video record ရိုက်လို့ရအောင်ပါ Support ပေးထားတာ ဖြစ်လို့ ဗွီဒီယိုမှတ်တမ်းတင်ရတာ ဝါသနာကြီးသူတွေအတွက် ဖုန်းတစ်လုံးနဲ့တင် အတော်အဆင်ပြေတယ်လို့ ဆိုရမှာပါ။
တကယ်တော့ ဖုန်းတွေဟာ ဗွီဒီယိုရိုက်ရုံတင် မဟုတ်ဘဲ တစ်ခါတည်း Video Edit လုပ်နိုင်လို့ Full Production Studios တွေလို့တောင် ပြောချင်ပါတယ်။ ဒီတစ်ခေါက်မှာ စမတ်ဖုန်းကိုင်သူတွေအတွက် အကောင်းဆုံး Movie Maker Apps တွေအကြောင်း မျှဝေပေးချင်ပါတယ်။ တစ်ခုကောင်းတာက ဒီ Apps တွေကို တက်ဘလက်တို့ Chromebook တို့မှာလည်း Install လုပ်နိုင်တာပဲ ဖြစ်ပါတယ်။
(၁) PowerDirector

Photo: Techno Yogesh
CyberLink ရဲ့ PowerDirector app ဟာ အဆင့်မြင့်ဆုံး Video Editors Apps တွေထဲမှာ ပါပါတယ်။ ကွန်ပျူတာနဲ့ Video Edit ဖြတ်ရာမှာ အသုံးများပေမယ့် အန်းဒရိုက်အတွက်လည်း App အဖြစ် ထွက်ထားတဲ့ ဆော့ဖ်ဝဲလ်ဖြစ်ပါတယ်။ တချို့ app တွေလို Desktop ဗားရှင်းမှာ သုံးကောင်းသလောက် App မှာ အဆင်မပြေတာမျိုး မရှိပါဘူး။ Free ဒေါင်းလုပ်ဆွဲနိုင်တဲ့ App ဖြစ်ပြီး app အတွင်းမှာ တချို့အဆင့်မြင့် features တွေ ဝယ်သုံးရပါတယ်။ Android နဲ့ iOS နှစ်မျိုးစလုံးမှာ သုံးနိုင်ပါတယ်။
(၂) KineMaster
Photo: iteik
PowerDirector ထက် သုံးရပိုလွယ်တဲ့ Movie Maker ရှာနေရင် KineMaster app ကို သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။ Interface က ရိုးရှင်းတဲ့အပြင် App အတွက် touchscreen အသုံးနဲ့ အဆင်ပြေအောင် ညှိပေးထားပါတယ်။ KineMaster က free သုံးနိုင်ပါတယ်။ တစ်ခုရှိတာက free သုံးမယ်ဆိုရင် ကိုယ် Edit ဖြတ်လိုက်တဲ့ ဗွီဒီယိုတွေမှာ KineMaster ရဲ့ watermark ပါလာမှာပါ။ watermark ဖျောက်ချင်ရင် လစဉ်ကြေး ၊ နှစ်စဉ်ကြေးဆောင်ပြီး advanced features တွေ သုံးနိုင်မှာပါ။
(၃) VivaVideo
Photo: tipsmake
VivaVideo ကတော့ ဖုန်း Video Editing app တွေထဲမှာ အတော်လေး နာမည်ကြီးတဲ့ App လို့ ဆိုရမှာပါ။ features တွေ စုံလင်ပြီး free ဗားရှင်း သုံးနိုင်တာကလည်း ဒီ app ရဲ့ အားသာချက်တစ်ခုပါပဲ။ Free version မှာ ads နဲ့ in-app purchase တွေ ပါပါတယ်။ ကြော်ငြာတွေ မကြည့်ချင်ရင် pro version ကို ပိုက်ဆံပေး ဝယ်သုံးနိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ Video Editing Apps တွေလိုပဲ Android နဲ့ iOS တွေမှာ free ရယူနိုင်မယ့် App ဖြစ်ပါတယ်။
(၄) FilmoraGo
Photo: apkmazon
Apple App Store ပေါ်က ရှားရှားပါးပါး free သုံးနိုင်တဲ့ Video Editing app ထဲက တစ်ခုဖြစ်ပါတယ်။ FilmoraGo app က Themes တွေ Music တွေနဲ့ Effects တွေထည့်ရတာ လွယ်အောင် လုပ်ပေးထားပြီး ဗွီဒီယိုတည်းဖြတ်ပြီးတာနဲ့ Social Media sites တွေပေါ် တိုက်ရိုက် ပို့စ်တင်နိုင်မှာပါ။
Instagram ပေါ် အဆင်သင့် တင်နိုင်အောင် 1:1 aspect ratio နဲ့ export ထုတ်လို့ရအောင်လည်း option ပေးထားပါတယ်။ Free Download ဆွဲနိုင်တဲ့ App ဖြစ်ပြီး အဆင့်မြင့် feature တွေ သုံးဖို့ဆို in-app purchase ဝယ်ရမှာ ဖြစ်ပါတယ်။