အချက်အလက်လုံခြုံရေး လိမ်ညာမှုကြောင့် ဒေါ်လာ ၈၅ သန်း လျော်ရမယ့် Zoom

Free သမားရော Paid သမားပါ ရမှာပါ

နာမည်ကြီး Video Conferencing ပလက်ဖောင်းဖြစ်တဲ့ Zoom ဟာ End-To-End Encryption လုံခြုံရေးပေးထားတယ်ဆိုပြီး လိမ်လည်မှုနဲ့ ဥပဒေကြောင်းအရ တရားစွဲဆိုခံခဲ့ရပါတယ်။

           Zoom ဟာ ကုမ္ပဏီရဲ့ ဝန်ဆောင်မှုမှာ End-To-End Encryption ဝန်ဆောင်မှုပေးတယ်ဆိုပြီး လိမ်ညာခဲ့သလို သုံးစွဲသူတွေရဲ့ ခွင့်ပြုချက်မပါဘဲ Facebook နဲ့ Google တို့ကို အချက်အလက်ပေးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြစ်မှုကြောင့် Zoom ဟာ လျော်ကြေး ဒေါ်လာ ၈၅သန်းပေးမယ်လို့ သဘောတူခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်ပြည်ထောင်စု ကယ်လိုဖိုးနီးယားပြည်နယ် မြောက်ပိုင်းခရိုင်တရားရုံး စီရင်ချက်အရ Zoom သုံးစွဲသူတစ်ဦးကို ၁၅ ဒေါ်လာ ဒါမှမဟုတ် ၂၅ ဒေါ်လာပေးရမှာ ဖြစ်တယ်လို့ Arstechnica က ဖော်ပြထားပါတယ်။

image


Photo: 9to5mac


           FTC ဖက်ထရယ်ကုန်သွယ်ရေးကော်မရှင်နဲ့ စေ့စပ်ညှိနှိုင်းမှုအတိုင်း ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ တလွဲမဖြစ်အောင် တားဆီးဖို့နဲ့ လုံခြုံရေးတွေ ပိုအဆင့်မြှင့်တင်သွားဖို့ Zoom ဘက်က သဘောတူပြီး ၉ လအကြာမှာ အခုလို နစ်နာကြေးပေးဖို့ ဖြစ်လာတာပါ။ ဥပဒေကြောင်းအရ စွဲဆိုချက်မှာ Zoom ကို အလကားသုံးသူတွေရော အခပေးသုံးတဲ့သူတွေ အကုန်လုံးကိုပါ လျော်ကြေးပေးဖို့ အကျုံးဝင်တယ်လို့ ဆိုပါတယ်။

           ပြီးခဲ့တဲ့နှစ်ထဲမှာ Zoom ဟာ End-To-End Encryption လုံခြုံရေးမြှင့်တင်မှု လုပ်တယ်ဆိုပြီး လိမ်ညာထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိခဲ့တာပါ။ ဒီလို တွေ့ရှိကြောင်း အစီရင်ခံစာတွေ ထွက်လာပြီးမှ Zoom ပလက်ဖောင်းဟာ လုံခြုံရေးအဆင့်မြှင့်တင်မှုတွေနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်ရေးဘက်ကို ပိုပြီး တိုးမြှင့်လာတာပါ။ ဒီမတိုင်ခင်ကလည်း မသက်ဆိုင်တဲ့သူတွေ Zoom မီတင်ထဲ ဝင်လာတဲ့ Zoombombings ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။

           COVID-19 ကပ်ဘေးဆိုက်လာပြီးနောက် Zoom ရဲ့ ဝင်ငွေဟာ အဆပေါင်းများစွာ ထိုးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၂ လအတွင်း Zoom ဝင်ငွေဟာ ဒေါ်လာ ၆၂၂.၇ သန်းကနေ ဒေါ်လာ ၂.၇ ဘီလျံအထိ တိုးတက်ခဲ့ပါတယ်။ ကပ်ရောဂါကာလ အိမ်တွင်းကနေ အလုပ်လုပ်မှုနဲ့ ပညာသင်ကြားရေးတွေကြောင့်လည်း Zoom ဝင်ငွေ ထပ်ပြီး တိုးတက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က