• Featured

    နယူးဇီလန်မှာ COVID-19 ကူးစက်မှုတစ်ခု တွေ့ရှိရတာကြောင့် တစ်နိုင်ငံလုံးကို lockdown သတ်မှတ်

ဩဂုတ် ၁၈ ရက်မှစပြီး တင်းကျပ်တဲ့ lockdown သတ်မှတ်ချက်ဖြင့် နေထိုင်ကြရမှာ ဖြစ်ပါတယ်

နယူးဇီလန်မှာ ခြောက်လအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရဲ့အကြီးဆုံးမြို့ အုတ်ကလန်မှာ COVID-19 ကူးစက်မှုတစ်ခု တွေ့ရှိလာရပြီးနောက် ဝန်ကြီးချုပ်ဂျက်စင်ဒါအာဒန်းက တစ်နိုင်ငံလုံးကို တင်းကျပ်တဲ့ lockdown သတ်မှတ်လိုက်ကြောင်း ယနေ့ (ဩဂုတ် ၁၇ ရက်) ကြေညာပါတယ်။

နယူးဇီလန်နိုင်ငံသား အားလုံးဟာ ဩဂုတ် ၁၈ ရက်မှစပြီး သုံးရက်ကြာ lockdown သတ်မှတ်ချက်ဖြင့် နေထိုင်ကြရမှာဖြစ်ပြီး အုတ်ကလန်နဲ့ ကိုရိုမန်ဒဲလ်မြို့တွေကိုတော့ ခုနစ်ရက်ကြာ lockdowon လုပ်ထားမှာဖြစ်ပါတယ်။ ကူးစက်မှုတစ်ခု တွေ့ရှိရပြီးနောက် နယူးဇီလန်မှာ အတင်းကျပ်ဆုံးဖြစ်တဲ့ အဆင့် ၄ lockdown စည်းမျဥ်းများ သတ်မှတ်ထားမှာဖြစ်ပြီး ကျောင်းများ၊ ရုံးများနဲ့ စီးပွားရေးလုပ်ငန်းများ အားလုံးကို ပိတ်ထားစေကာ မရှိမဖြစ် ဝန်ဆာင်မှုများကိုသာ လုပ်ကိုင်ခွင့်ပြုထားမယ်လို့ သိရပါတယ်။

image

(ဝန်ကြီးချုပ်ဂျက်စင်ဒါအာဒန်း) (Photo: Getty Images)

နယူးဇီလန်မှာ ယခု တွေ့ရှိရတဲ့ ကူးစက်မှုအသစ်ဟာ ကူးစက်မှုနှုန်း ပိုမြန်တဲ့ ဒယ်လ်တာ (Delta) မျိုးကွဲဗိုင်းရပ်စ်ဖြစ်တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ယူဆနေကြကြောင်းနဲ့ အတည်မပြုရသေးကြောင်း ဝန်ကြီးချုပ်အာဒန်းက ပြောပါတယ်။ ကူးစက်မှုအသစ်ကို အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှာ တွေ့ခဲ့ရပြီး ၎င်းဟာ ဩဂုတ် ၁၂ ရက်နေ့ကတည်းက ကူးစက်ခံခဲ့ရတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ယုံကြည်ထားပါတယ်။

ထိုအမျိုးသားအပြင် အခြား ကူးစက်မှုတွေလည်း ရှိနိုင်သေးကြောင်း နယူးဇီလန်ဝန်ကြီးချုပ်က ဆိုပါတယ်။ ကူးစက်မှု ဖြစ်နိုင်ခြေရှိတဲ့နေရာ အနည်းဆုံး ၂၃ ခု ရှိနေတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ နယူးဇီလန်မှာ နောက်ဆုံးအကြိမ် COVID-19 ကူးစက်မှုကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က