• ပါလက်စတိုင်းကို ဂိုးပြတ်အနိုင်ယူပြီး ပေါက်ကွဲပြခဲ့တဲ့ လက်ရှိချန်ပီယံ သြစတြေးလျ

နောက်တဆင့်တက်ရောက်ဖို့ မျှော်လင့်နိုင်ခဲ့ပါပြီ။

၂၀၁၉ အာရှဖလားပြိုင်ပွဲရဲ့ အုပ်စု (ခ) ပွဲထဲက တစ်ပွဲဖြစ်တဲ့ လက်ရှိချန်ပီယံ သြစတြေးလျ နဲ့ ပါလက်စတိုင်းတို့ရဲ့ ပွဲကို ဒီနေ့ညနေ (၅း၃၀)မှာ ကစားသွားခဲ့ကြပါတယ်။ အဖွင့်ပွဲမှာ ရလာဒ်ဆိုးရွားခဲ့တဲ့ လက်ရှိချန်ပီယံ သြစတြေးလျအသင်းဟာ ဒီနေ့ပွဲမှာ အနိုင်ရဖို့ သေချာပြင်ဆင်လာခဲ့သလို ပါလက်စတိုင်းကလည်း အနိုင်ရမှသာ နောက်တဆင့်တက်ရောက်နိုင်မှာမို့ သူတို့ရဲ့ အကောင်းဆုံးလူစာရင်းကို ပွဲထုတ်ခဲ့ပါတယ်။

image

သြစတြေးလျက ပွဲစကတည်းက တိုက်စစ်ကို အသားပေးကစားခဲ့ပြီး ဂိုးရဖို့ အားထုတ်ခဲ့ပါတယ်။ ဒီအတွက် ကစားကွက်တည်မရခင်မှာပဲ ပါလက်စတိုင်းတို့ ပြိုင်ဘက်ရဲက ဖိအားပေးမှုအောက်ကို ရောက်သွားခဲ့ပြီး ရုန်းကန်လိုက်ရပါတယ်။ ဒါက သြစတြေးလျရဲ့ မှန်ကန်တဲ့ နည်းဗျူဟာ ဖြစ်ခဲ့ပြီးတော့ ဒီလိုမျိုး တိုက်စစ်ကို စောစောစီးစီး ဖွင့်ဆော့ခဲ့တာက ဂိုးတွေရရှိသွားခဲ့ပါတယ်။


ပွဲချိန် (၁၈)မိနစ်မှာ ဂျင်မီမက်ကလဲယားက ရိုဂျစ်ရဲ့ ကန်တင်ပေးမှုကို အလိုက်သင့်လေး ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဂိုးရပြီးနောက်မှာ သြစတြေးလျက ကစားအားကို မချခဲ့ပဲ တိုက်စစ်ကို မြှင့်ကစားခဲ့လို့ သိပ်မကြာခင်မှာပဲ နောက်တစ်ဂိုး ထပ်မံရရှိသွားပါတယ်။ ဒီဂိုးကိုတော့ မိနစ် (၂၀)မှာ တောင်ပံကစားသမား မာဘီက ဘယ်ဘက်ခြမ်းက ခရစ္စတိုဖာရဲ့ ပေးပို့မှုကို နေရာယူမှန်မှန်နဲ့ ကန်သွင်းယူသွားခဲ့တာပါ။

ဒီနောက်မှာ ပါလက်စတိုင်းတို့ ကစားအားအနည်းငယ်ပြန်တက်ပြီး သြစတြေးလျကို ဖိအားပေးခဲ့ပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ချေပဂိုးရဖို့ အလှမ်းဝေးနေခဲ့ပြီး သူတို့ရဲ့တိုက်စစ်ကစားပုံက လိုအပ်ချက်တွေ အများကြီး ရှိနေခဲ့ပါတယ်။ သြစတြေးလျကလည်း ဂိုးတွေထပ်ရဖို့ တိုက်စစ်ကိုဦးစားပေးကစားခဲ့ပေမယ့်လည်း အခွင့်အရေးဖန်တီးနိုင်မှု နည်းပါးခဲ့ပါတယ်။


ဒုတိယပိုင်းကတော့ သွင်းဂိုးတွေ မြင်တွေ့ရဖို့ ခက်ခဲနေခဲ့ပါတယ်။ ပါလက်စတိုင်းတို့ ချေပဂိုးရဖို့ ကစားနေခဲ့ပေမယ့် သူတို့ကစားပုံကလျော့ရဲနေခဲ့လို သြစတြေးလျက ပွဲကို အေးအေးဆေးဆေးထိန်းချုပ်နိုင်ခဲ့ပါတယ်။ သြစတြေးလျကလည်း သွင်းဂိုးများများရဖို့အတွက် ကစားခဲ့ပေမယ့် တိုက်စစ်ပိုင်းနားလည်မှုအမှားတွေက ဂိုးရဖို့ ရုန်းကန်ရစေခဲ့ပါတယ်။

ပွဲပြီးခါနီး (၈၉)မိနစ်မှာ သြစတြေးလျတို့ နောက်တစ်ဂိုး ထပ်ရသွားပါတယ်။ ထောင့်ကန်ဘောကတဆင့် အပေးအယူပြုလုပ်ပြီး ခရစ္စတိုဖာ ကန်တင်ပေးတာကို အက်ပိုစတိုလ်ဂီယန်နူက ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။ ဒီနေ့ပွဲမှာ သြစတြေးလျဟာ ဖြတ်တင်ဘောအများအပြား အသုံးပြုသွားခဲ့ပြီး ဖြတ်တင်ဘောတွေကနေပဲ (၃)ဂိုးလုံး ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ သြစတြေးလျက ပါလက်စတိုင်းကို (၃-ဝ) နဲ့ အနိုင်ရကာ နောက်တဆင့်အတွက် မျှော်လင့်ချက်အားကောင်းသွားခဲ့ပါတယ်။ ပါလက်စတိုင်းကတော့ အုပ်စုကနေပဲ ထွက်ခွာရဖို့ နီးစပ်သွားခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က