အင်တာမိုင်ယာမီရဲ့ ကစားသမားဖြစ်လာတော့မယ့် မက်ဆီက အင်စတာဂရမ်မှာ သူ့ရဲ့ အသင်းဟောင်း ပီအက်စ်ဂျီကို Unfollow လုပ်ခဲ့ပြီး သူ Follow လုပ်ထားတဲ့အသင်းအရေအတွက်ကလည်း (၄) သင်းသာ ရှိကြောင်း သိရှိရပါတယ်။ မက်ဆီဟာ လက်ရှိနွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့နောက် အင်တာမိုင်ယာမီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။
ဘာစီလိုနာကနေ ထွက်ခွာလာခဲ့တဲ့နောက် မက်ဆီက ပီအက်စ်ဂျီမှာ ပရိသတ်တွေနဲ့ အဆင်မပြေခဲ့ဘဲ အသင်းရလဒ်မကောင်းချိန်တိုင်း ပဲရစ်မြို့ခံအသင်းတွေရဲ့ ပစ်မှတ်သားကောင်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မက်ဆီနဲ့ ပီအက်စ်ဂျီပရိသတ်တွေအကြား ဆက်ဆံရေးပြိုလဲခဲ့ပြီး မက်ဆီကတော့ စာချုပ်သက်တမ်းမတိုးဘဲ ပြင်သစ်မြေကို စွန့်ခွာခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီမှာလည်း မက်ဆီကို ပီအက်စ်ဂျီပရိသတ်တွေက အသင်းကနေ ထွက်သွားဖို့အတွက် ဝိုင်းဝန်းတောင်းဆိုခဲ့ကြပြီး နေမာကလည်း မက်ဆီနည်းတူ ပီအက်စ်ဂျီပရိသတ်တွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မက်ဆီက ပီအက်စ်ဂျီရဲ့ အင်စတာဂရမ်အကောင့်ကို Unfollow လုပ်ခဲ့ပြီး သူ Follow လုပ်ထားတဲ့ အသင်း (၄) သင်းရဲ့ နာမည်ကို သတင်းတွေက ဖော်ပြထားပါတယ်။
မက်ဆီဟာ အသင်းဟောင်းတွေဖြစ်ကြတဲ့ နယူးဝဲလ်အိုဘွိုင်း၊ ဘာစီလိုနာ၊ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ကိုသာ Follow လုပ်ထားခဲ့ကြောင်း မီဒီယာတွေက သတင်းရေးသားဖော်ပြခဲ့ပါတယ်။ မက်ဆီဟာ နယူးဝဲလ်အိုဘွိုင်းကတစ်ဆင့် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီး အဲ့ဒီနောက်မှသာ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာခဲ့တာပါ။
မက်ဆီအနေနဲ့ သူ့ကို ခေါ်ယူဖို့ အမြဲတမ်းလိုလို စိတ်ဝင်စားနေတဲ့ မန်စီးတီးအပြင် ချဲလ်ဆီးတို့ကိုလည်း Follow လုပ်ထားပြီး မန်စီးတီးကို သူ့ရဲ့ဆရာဟောင်း ဂွါဒီယိုလာ ရောက်ရှိလာချိန်တုန်းကလည်း အဆိုပါ အသင်းကို ပြောင်းရွှေ့ဖို့အတွက် သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ဖူးပါသေးတယ်။