မူးလာရဲ့ အချစ်ရေးကတော့ အခုချိန်မှာ အဆင်ပြေပြေနေနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ တစ်ခါတလေမှာ ပျော်ပျော်နေနိုင်ဖို့ စိတ်ကိုတင်းထားရတယ်လို့ဆိုပါတယ်။

Photo: Myanmar idol
မူးလာ ကတော့ သူ့ရင်ထဲက ခံစားချက်အတိုင်း ဖြစ်ပေါ်နေတဲ့ အချစ်ရေးခံစားချက်ကို ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း အဆင်ပြေပြေနေနိုင်အောင် ကြိုးစားနေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“အသည်းနုသင့်တဲ့ နေရာလည်း နုတယ်၊ တစ်ခါတလေကျရင် တင်းထားတဲ့ပေမယ့်လည်း တင်းမထားနိုင်တဲ့ နေရာလေးတွေရှိတယ်။ မတင်းထားနိုင်ပေမယ့်လည်း တစ်ခါတလေကျရင် တင်းသွားတဲ့နေရာ လေးတွေရှိနိုင်တာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ဖုံးဖုံးဖိဖိတော့ နေရတာပေါ့။ အသည်းကတော့ နုပါတယ်” ဆိုပြီးတော့ နိုဝင်ဘာလ ၂၈ ရက်နေ့က Myanmar idol သီချင်းဆိုပြိုင်ပွဲမှာ ပြောပြခဲ့တာပါ။
Photo: Myanmar idol
မူးလာ ဟာ စင်မြင့်ထက်မှာ သီချင်းဆိုရင်း ငိုခဲ့တဲ့အပေါ် ပရိသတ်များစွာတို့က စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ဒီခံစားချက်ကိုတော့ အင်အားတစ်ခုအဖြစ် မှတ်ယူထားတယ်လို့ ဆိုပါတယ်။
“ ကျွန်တော်တို့က လူသားတွေဖြစ်တယ်၊ ဝမ်းနည်းတတ်တယ်၊ ပျော်ရွှင်တတ်တယ်၊ ခံစားချက်တွေက အမျိုးမျိုးဖြစ်ပျက်နေမယ်။ ဘယ်သူ့မှတော့ မငိုချင်ဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း ပျော်ပျော်နေတတ်တဲ့အတွက် ပျော်ပျော်နေရတာကို ပိုသဘောကျတယ်။ မဖြစ်ချင်တဲ့အရာကို စင်ပေါ်မှာဖြစ်လိုက်ရတဲ့အတွက် ကျွန်တော်လည်း စိတ်မကောင်းဘူး။ မြင်လည်း မမြင်စေချင်ခဲ့ပါဘူး။ ဒါကတော့ ကျွန်တော့်အတွက် အမြဲတမ်း အမှတ်တရနေတယ်။ နောက်တစ်ခေါက်မဖြစ်ဖို့၊ ပိုပြင်ဆင်ဖို့အတွက် ခွန်အားရပါတယ်” လို့ သူက ပြောပါတယ်။
Photo: Myanmar idol
မူးလာ ကတော့ လက်ရှိမှာ Myanmar idol (Season-4) သီချင်းဆိုပြိုင်ပွဲရဲ့ Top-7 မှာ ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ Voting နံပတ်ကတော့ 77710 ဖြစ်ပါတယ်။သူကတော့ ပုသိမ်က လာရောက်ယှဉ်ပြိုင်တဲ့သူပါ။ ဂီတကို ရူးသွပ်သူ တစ်ယောက်ဖြစ်တာကြောင့် မိသားစုကို စွန့်ခွာပြီး သီချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။မူးလာဟာ ပျော်ပျော်နေတတ်ပြီး စနောက်တတ်တဲ့အကျင့်လေးတွေက ပရိသတ်အချစ်ကို ပိုစေခဲ့တဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။