• ပြိုင်ဘက်တွေက ဒီညမှာ ဆိုးလ်ရှားကို အားပေးနေကြတယ်လို့ ပေါလ်မာဆင်ဖွင့်ဟ

ဒီညမှာ အားလုံးက ယူနိုက်တက်ကို နိုင်စေချင်တဲ့အကြောင်း ပေါလ်မာဆင်က ပြောကြားလာတာပါ။

ဘောလုံးဝေဖန်သုံးသပ်ရေးသမား ပေါလ်မာဆင်ကတော့ ဒီည စပါးနဲ့ယူနိုက်တက်ပွဲမှာ အခြားပြိုင်ဘက်တွေက ယူနိုက်တက်ကို အနိုင်ရစေချင်ပြီး ဒါက ဆိုးလ်ရှားကို ယူနိုက်တက်နည်းပြအဖြစ် ဆက်လက်တည်မြဲစေချင်တာကြောင့်လို့ဆိုပါတယ်။

image

ပြီးခဲ့တဲ့အပတ်၊ တနင်္ဂနွေက ကစားခဲ့တဲ့ လီဗာပူးနဲ့အိမ်ကွင်းပွဲမှာ ယူနိုက်တက်တို့ (၅) ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ဖို့ ယူနိုက်တက်ပရိသတ်တွေ ဆန္ဒရှိခဲ့တာပါ။ ဒါပေမယ့်လည်း ယူနိုက်တက်ဘုတ်အဖွဲ့က ဆိုးလ်ရှားကို အခွင့်အရေးဆက်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး စပါးနဲ့ပွဲ ဒါမှမဟုတ် စပါး၊ အတ္တလန်တာ၊ မန်စီးတီးတို့နဲ့ပွဲတွေကို စောင့်ကြည့်သွားဖို့ရှိပါတယ်။

image

အဲ့ဒါကြောင့်လည်း ပြိုင်ဘက်အသင်းတွေက ဆိုးလ်ရှားတစ်ယောက် ယူနိုက်တက်မှာ ရာထူးတည်မြဲဖို့ မျှော်လင့်နေတဲ့အကြောင်း ပေါလ်မာဆင်က အခုလိုပဲ ပြောကြားခဲ့တာပါ။ ပေါလ်မာဆင်က “ထိပ်ဆုံး (၄) သင်းစာရင်းအတွက်ရော၊ ဥရောပဝင်ခွင့်အတွက်ပါ အပြိုင်အဆိုင်ဖြစ်နေတဲ့ အာဆင်နယ်၊ လက်စတာ၊ ဝက်စ်ဟမ်းတို့က ယူနိုက်တက်ကို ဒီပွဲမှာ နိုင်စေချင်ကြပါတယ်”

“အကြောင်းရင်းကတော့ ယူနိုက်တက်သာနိုင်သွားရင် ဆိုးလ်ရှား အသင်းမှာဆက်ရှိနေနိုင်မှာလေ။ ချဲလ်ဆီးကို တူချယ်လ်ရောက်လာတဲ့အဖြစ်ကို ခင်ဗျားတို့ကြည့်လိုက်ပါ။ သူတို့က ချန်ပီယံလိဂ်ဖလားရခဲ့ပြီး အခုဆို အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နေပါပြီ။ သူတို့ ရလိုက်တဲ့နည်းပြက ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိလဲ ခင်ဗျားတို့ကြည့်ပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က အိုးထရက်ဖို့ဒ်ကွင်းထဲ လာရောက်အားပေးခဲ့တဲ့ လီဗာပူးပရိသတ်တွေကလည်း “ဆိုးလ်ရှား သေချာပေါက်ဆက်ရှိသင့်တယ်” “Ole’s at the wheel” အစရှိသဖြင့် ဆိုးလ်ရှားကို နောက်ပြောင်အားပေးခဲ့ကြပါသေးတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး (၄) ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတာဖြစ်ပြီး စပါးနဲ့ အဝေးကွင်းပွဲမှာတော့ သေချာပေါက် နိုင်ပွဲရှာဖွေနိုင်ဖို့ လိုအပ်နေပါပြီ။ 

Share

Loading Next Article...
က္က