• နွေရာသီမှာ လည်ပတ်ဖို့ အကောင်းဆုံးက ရေတံခွန်တွေက ဘာတွေလဲ

ပြင်ဦးလွင်လို့ပြောလိုက်တာနဲ့ နာမည်ကျော်တာကတော့ အေးမြပြီးလှပတဲ့ရှုခင်းတွေပါပဲ။

ပြင်ဦးလွင်လို့ပြောလိုက်တာနဲ့ နာမည်ကျော်တာကတော့ အေးမြပြီးလှပတဲ့ရှုခင်းတွေပါပဲ။ သဘာဝရှုခင်းတွေနဲ့ လှပတဲ့ ဒီတောင်ပေါ်မြို့လေးက နွေရာသီရဲ့အကောင်းဆုံးလည်ပတ်စရာနေရာထဲမှာလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ပြင်ဦးလွင်မှာရှိတဲ့ ရေတံခွန်တွေဟာ အေးချမ်းပြီး လည်ပတ်လို့ကောင်းတာကြောင့် မိသားစုလိုက်အပန်းဖြေဖို့လည်း သင့်တော်ပါတယ်။ 

ဒီဇင်ဘာခြံရေတံခွန်


image


ပြင်ဦးလွင်မြို့ရဲ့ နာမည်ကြီးနေရာတစ်နေရာဖြစ်တဲ့ ဒီဇင်ဘာခြံရဲ့ ရေတံခွန်ပန်းဥယျာဉ်မှာဆိုရင်တော့ စားသောက်ဆိုင်တွေ၊ အမှတ်တရဓာတ်ပုံရိုက်လို့ရတဲ့ ရောင်စုံပန်းအလှစိုက်ခင်းတွေ၊ ရေတံခွန်တွေနဲ့ ကလေးကစားကွင်းတွေလည်းရှိပါတယ်။ ဒီဇင်ဘာရေတံခွန်ဟာ သဘာဝအတိုင်း စီးဆင်းနေတဲ့ ရေတံခွန်ဖြစ်ပြီး ရေတံခွန်ရဲ့ အောက်ခြေမှာ ရေကန်လေးတွေရှိတာကြောင့် ရေထဲမှာ ရေကူးတာ၊ ရေပက်ကစားတာတွေ လုပ်လို့ရပါတယ်။ နွေရာသီမှာ ဒီရေတံခွန်ကို သွားရင် အေးမြပြီး လန်းဆန်းစေတဲ့ ခံစားမှုကို ရရှိမှာပါ။


ဓာတ်တော်ချိုင့် ရေတံခွန်



ပြင်ဦးလွင်အနီးစခန်းမှာရှိတဲ့ ဓာတ်တော်ချိုင့်ရေတံခွန်ကလည်း ခရီးသွားတွေကြား ရေပန်းစားတဲ့နေရာတစ်ခုပါ။ တောင်တက်ဝါသနာပါသူတွေ အများဆုံးလည်ပတ်ကြတဲ့ ဒီရေတံခွန်မှာဆိုရင် သစ်ပင်တွေနဲ့ ဝန်းရံထားပြီး စွန့်စွန့်စားစားခရီးသွားချင်တဲ့သူတွေ လည်သင့်တဲ့နေရာပါပဲ။ လမ်းခရီးတစ်လျှောက်မှာ ပင်ပန်းလာသမျှ ရေတံခွန်ကနေ တသွင်သွင်စီးဆင်းနေပြီး ကြည်လင်အေးမြနေတဲ့ စိမ်းပြာရောင်ရေတွေကြောင့် စိတ်အမောပြေစေပြီး လာရကျိုးနပ်စေမယ့် နေရာတစ်ခုပဲဖြစ်ပါတယ်။ 


ပွဲကောက်ရေတံခွန်



မှန်တံတားပေါ်မှာ လမ်းလျှောက်ရင်း ရေတံခွန်ရဲ့အလှတွေခံစားချင်ရင်တော့ ပွဲကောက်ရေတံခွန်ကိုလည်ပတ်ဖို့ရွေးချယ်သင့်ပါတယ်။ သဘာဝအတိုင်း စီးဆင်းနေတဲ့ ရေတံခွန်ဖြစ်ပြီး အနီးအနားက စိမ့်စမ်းရေတွေ၊ အုံအုံဆိုင်းဆိုင်းသစ်ပင်တွေနဲ့ သဘာဝငှက်သံတွေကြောင့် စိတ်ကိုလန်းဆန်းစေပြီး အနားယူ အပန်းဖြေလို့ကောင်းတဲ့နေရာလေးပါပဲ။ နွေရာသီမှာ သဘာဝအတိုင်း စိတ်အေးလက်အေးအနားယူဖို့ဆိုရင်တော့ ဒီပွဲကောက်ရေတံခွန်ကို ရွေးချယ်လိုက်နော်။


ရေပျံတောင်ရေတံခွန်



ပြင်ဦးလွင်ရဲ့ နောက်ထပ်လှပတဲ့ရေတံခွန်ကတော့ ရေပျံတောင်ရေတံခွန်ပါပဲ။ ရေတံခွန်သွားတဲ့လမ်းတစ်လျှောက်မှာ စိမ်းလန်းတဲ့ တောင်တန်းတွေ၊ စမ်းချောင်းတွေနဲ့ လှပတဲ့သဘာဝရှုခင်းတွေက သာယာလွန်းလှပါတယ်။ လမ်းကတော့ သဘာဝအတိုင်း ကျောက်တုံးတွေ၊ သစ်ပင်တွေကြားက ဖြတ်သွားရပြီး အဆုံးမှာမြင်တွေ့ရမယ့် ရေတံခွန်ရဲ့ လှပတဲ့ ရှုခင်းနဲ့ ကြားရမယ့်ရေစီးသံတွေက စိတ်အမောပြေစေပြီး အေးမြတဲ့ခံစားချက်တွေကို ခံစားနိုင်မှပါ။ 


ဒီးဒုတ်ရေတံခွန်     



ပြာလဲ့နေတဲ့ရေပြာအိုင်နဲ့ အဆင့်ဆင့်စီးဆင်းနေတဲ့ ရေတံခွန်အလှကိုကြိုက်နှစ်သက်တဲ့ခရီးသွားချစ်သူတွေအတွက် ဒီးဒုတ်ရေတံခွန်ကတော့ ရွေးချယ်စရာတစ်ခုပါပဲ။ အဆင့် ၁၀ ဆင့် ရှိပြီး အဆင့်တိုင်းမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ရေကန်တွေမှာ ရေကစား အပန်းဖြေရင်း အမြင့်ဆုံးဖြစ်တဲ့ ဆယ်ထပ်ကိုတက်ပြီး ရေတံခွန်ရဲ့အလှဆုံးရှုခင်းတွေကိုခံစားနိုင်ပါတယ်။ အနီးပတ်ဝန်းကျင်မှာလည်း စိမ်းလန်းတဲ့သစ်ပင်တွေ၊ ကျောက်တုံးတွေနဲ့ ဝန်းရံထားတာကြောင့် ပူပြင်းတဲ့နွေရာသီမှာ မိသားစုနဲ့ အပန်းဖြေနိုင်ဖို့ ရွေးသင့်ပါတယ်။ 


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။

Share

Loading Next Article...
က္က