• Featured

    ဆိုင်ကယ်ဝယ်မယ်ပြောပြီး လူကိုသတ်ကာ ဆိုင်ကယ်လုယူမှုဖြစ်ပွား

အသတ်ခံရသူက အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပါတယ်။

မုံရွာမြို့နယ်မှာ ဆိုင်ကယ်ဝယ်မည်ပြောပြီး လူကိုသတ်ကာ ဆိုင်ကယ်လုယူမှု မနေ့ကဒီဇင်ဘာလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။

" တရားခံပြောတာက ကျောက်ကာသုသာန်ထဲမှာ သစ်ပင်ကို ကြိုးနဲ့ချည်ပြီး ရိုက်နှက်ထားတယ်ပြောပေမယ့် မတွေ့ရပါဘူး။ မတွေ့လို့ဆုံကုန်းရွာကို ဆက်ရှာမှ ပျောက်ဆုံးနေသူကို သေဆုံးလျက် တွေ့ရှိရတယ်၊ ဆုံကုန်းရွာကို ဘယ်လိုသိလဲဆိုတော့ ဆုံကုန်းရွာသားတွေကဆက်သွယ်ပေးပို့လာလို့ ကျွန်တော်တို့က ဆုံကုန်းရွာကိုသွားတယ်၊ ဆုံကုန်းရွာမှ ာအလောင်းတစ်လောင်းရထားတယ်လို့ သိရတယ်။ နေရာကိုရောက်တော့ ပျောက်ဆုံးနေသူနဲ့သေဆုံးသူက အသတ်ခံရတဲ့ကောင်လေးဖြစ်တယ်။အသက် ၁၇ နှစ်သာရှိသေးတဲ့လူကို သတ်လိုက်တာ။ သတ်တဲ့သူကဒီဆုံကုန်းရွာဘက်မှာခနခနတွေ့ရတယ်ပြောတယ်။ " လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)က အဖွဲ့ဝင်တစ်ဦး ကပြောပါတယ် ။

အသတ်ခံလိုက်ရတဲ့ဆိုင်ကယ်ပိုင်ရှင်ဟာ မုံရွာမြို့ မြဝတီရပ်နေ အသက် ၁၇နှစ်အရွယ် ငြိမ်းခန့်ကျော်(ခ)ဝတုတ်ဆိုသူ လူငယ်တစ်ဦးဖြစ်ပြီး ၊ ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာ ၂ ချက်နဲ့အတူ ဆုံကုန်းရွာသုသာန်မှာသေဆုံးလျက်တွေ့ရှိရတယ်လို့သိရပါတယ်။

" တရားခံကို ရပ်ကွက်ထဲမှာပဲမိတယ်။ သူ့ကိုခေါ်ပြီး ပျောက်ဆုံးကလေးကိုလိုက်ရှာကြတာ။ ညကပြန်တွေ့တယ် သေဆုံးလျက်သားပါ။ အသတ်ခံရတဲ့ကလေးကလိမ္မာတယ်။ ဆိုင်ကယ်ရောင်းဖို့ဆိုပြီး ချိန်းတွေ့ကြရင်း လူကိုပါအသတ်ခံရတာ။ခေတ်ကာလပျက်နေပါပြီ " လို့ မုံရွာဒေသခံတစ်ဦးကပြောပါတယ်။

ဆိုင်ကယ်ကိုလုယူပြီး လူကိုပါသတ်ခဲ့တဲ့ ကျူးလွန်သူတရားခံကိုတော့ သူနေထိုင်ရာ ရပ်ကွက်မှာပဲ မနေ့ကတည်းက ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က