• စာအုပ်ပေါင်း ၁ သန်းကျော် ရောင်းချမယ့် ကမ္ဘာ့အကြီးဆုံးစာအုပ်ပွဲတော် ရန်ကုန်မှာ ပထမဆုံး ကျင်းပမယ်

၂၄ နာရီပတ်လုံး ကျင်းပသွားမှာပါ။

အင်္ဂလိပ်သာသာ စာအုပ်ပေါင်း ၁ သန်းကျော် ရောင်းချမယ့် ကမ္ဘာ့အကြီးဆုံးစာအုပ်ပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ Myanmar Event Park မှာ ဇန်နဝါရီ ၁၈

ရက်ကနေ ၂၈ ရက်အထိ ကျင်းပသွားမယ်လို့ Big Bad Wolf Book Sale ကနေသိရပါတယ်။


image

စာအုပ်အရောင်းပွဲတော်ကြီး (Big Bad Wolf Books Sale )ကို နိုင်ငံတကာမှာကျင်းပခဲ့တဲ့ပုံစံအတိုင်း ၂၄ နာရီ ပတ်လုံးရောင်းချပေးသွားမှာ ဖြစ်ပြီးဂန္တဝင်ဝတ္တုတွေ၊ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေ၊ အချစ်ဝတ္ထု၊ သုတရသစာပေတွေ၊ ဟာသသရုပ်ပြစာအုပ်တွေ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ချက်ပြုတ်ခြင်းဆိုင်ရာစာအုပ်တွေ၊ ကလေးသူယ်တွေအတွက် စိတ်ဝင်စားဖွယ်ရာ ဆေးရောင်ချယ်စာအုပ်တွေ၊ သင်ထောက်ကူစာအုပ်တွေ၊ ရုပ်ပြစာအုပ်တွေ စတဲ့ အင်္ဂလိပ်စာအုပ်ပေါင်း တစ်သန်းကျော်ကို ၅၀ ရာခိုင်နှုန်းက ၉၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ရောင်းချသွားမယ်လို့ သိရပါတယ်။

Big Bad Wolf Book Sale ကိုအာရှတခွင်မှာ Augmented Reality (AR) လုပ်ဆောင်ချက်နဲ့ ဖတ်ရတဲ့ စာအုပ်တွေကို ရောင်းချပေးတာဖြစ်ပြီး နာမည်ကျော် Little Hippo AR စာအုပ်တွေကို ရောင်းချပေးနေတာဖြစ်တာကြောင့် ရန်ကုန်မှာ ကျင်းပမယ့် ပွဲမှာလည်း နောက်ဆုံးပေါ် AR နည်းပညာနဲ့ ဖန်တီးထားတဲ့ Little Hippo AR စာအုပ်တွေကို ရောင်းချပေးမယ်လို့ သိရပါတယ်။

“ ကလေးငယ်တွေနဲ့ လူငယ်တွေအနေနဲ့ စာအုပ်စာပေတွေနဲ့ ထိတွေ့မှု ရှိနေဖို့ အထူးအရးကြီးပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို စာအုပ်တွေနဲ့ မွေ့လျော်ဖို့ တိုက်တွန်းပေးသင့်ပါတယ်” လို့ Big Bad Wolf Book Sale တည်တောင်သူ Mr. Andrew Yap ကပြောပါတယ.်။

Big Bad Wolf Book Sale ကို ၂၀၀၉ ခုနှစ်က မလေးရှားနိုင်ငံမှာ စတင်လုပ်ဆောင်ခဲ့ပြီးနောက် ထိုင်း၊အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သီရိလကာၤ၊ထိုင်ဝမ်နဲ့ အာရပ်စော်ဘွားများ နိုင်ငံတွေမှာ အဆိုပါ စာအုပ်ပွဲတော်တွေကို နှစ်စဉ် ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက လူတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူလို့ရေအောင် ရောင်းချပေးတဲ့ ပွဲတစ်ခုလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က