• ဆော်ဒီအာရေဗျအတွက် သူလျှို့လုပ်ပေးမှုနဲ့ Twitter ဝန်ထမ်းဟောင်း ထောင်ကျ

လာဘ်ယူပြီး စပိုင်လုပ်ခဲ့တာပါ

ဆော်ဒီတော်ဝင်မိသားစုကိုယ်စား အသုံးပြုသူတွေအပေါ် သူလျှိုလုပ်ပေးတဲ့ Twitter ဝန်ထမ်းဟောင်းတစ်ဦး ထောင် ၃ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။

အမေရိကန်မှာ နေထိုင်တဲ့ အီဂျစ်နိုင်ငံဖွား အာမက် အဘူရာမိုဟာ ဆော်ဒီမင်းသား မိုဟာမက် ဘင် ဆယ်လ်မန်ဆီက လာဘ်ထိုးငွေ ယူပြီး မင်းသားရဲ့ အတိုက်အခံတွေကို နှုတ်ပိတ်နိုင် ၊ ခြေရာခံနိုင်မယ့် ထိလွယ်ရှလွယ်အကောင့်အချက်အလက်တွေကို ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

image

Photo: CNBC

Twitter ကုမ္ပဏီရဲ့ မီဒီယာမိတ်ဖက်ပြုရေး မန်နေဂျာဖြစ်ခဲ့သူ အဘူရာမိုဟာ ၂၀၁၅ ခုနှစ်မှာ ဆော်ဒီမင်းသားဆီက လာဘ်ယူခဲ့တာလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ အဘူရာမိုက ကိုယ့်အလုပ်ကိုယ် လုပ်ခဲ့တာလို့ ပြောပေမယ့် အမှုစုံစမ်းရာမှာတော့ အဘူရာမိုဟာ မင်းသားအတွက် အလုပ်လုပ်ပေးရာကနေ ဒေါ်လာ ၃ သိန်းနဲ့ ဒေါ်လာ ၂ သောင်းတန် Hublot နာရီတစ်လုံး ရယူခဲ့တယ်လို့ ဆိုပါတယ်။ 

အမှုကို ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပြီး အမှုထဲမှာ တခြားနှစ်ယောက်လည်း ကြံရာပါ ပါခဲ့တာပါ။ ဒီနှစ်ယောက်ထဲမှာ တစ်ယောက်ဖြစ်တဲ့ ဆော်ဒီနိုင်ငံသား အလီ အယ်ဇာဘာရက်ဟာ Twitter ဝန်ထမ်းဟောင်း ဖြစ်ပြီး သူဟာ နာမည်ကျော် အတိုက်အခံတစ်ဦးဖြစ်တဲ့ အိုမာ အဗ္ဗဒူလာဇစ်အပါအဝင် အကောင့်ပေါင်း ၆၀၀၀ ကျော်ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ရယူပေးခဲ့တယ်လို့ ရှေ့နေတွေက ဆိုပါတယ်။ 

တတိယမြောက်တစ်ယောက်ဖြစ်တဲ့ အာမက် အယ်မူတိုင်ရီကတော့ Twitter ဝန်ထမ်းမဟုတ်ဘဲ Twitter ဝန်ထမ်းတွေနဲ့ ဆော်ဒီအစိုးရအကြား အဆက်အသွယ်လုပ်ပေးနေတာပါ။ သုံးယောက်ထဲမှာ အဘူရာမိုတစ်ယောက်ပဲ အမေရိကန်မှာ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ သူ့ကို ဆော်ဒီအစိုးရအတွက် သူလျှိုလုပ်ပေးမှုနဲ့ ထောင်ဒဏ် ၃ နှစ် ၆ လ ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က