• ဆွန်ဟောင်မင်နဲ့ပတ်သက်လို့ လွတ်တဲ့ငါး ကြီးသွားကြောင်း ကလော့ပ်ဝန်ခံလာ

ဆွန်ဟောင်မင်နဲ့ပတ်သက်လို့ ကလော့ပ်က ပြောခဲ့တာပါ။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဆွန်ဟောင်မင်ကို လီဗာပူးထံ မခေါ်ယူခဲ့ခြင်းက သူ့အတွက် အကြီးမားဆုံး အမှားအယွင်းတွေထဲက တခုဖြစ်ကြောင်း ဖွင့်ဟဝန်ခံလာပါတယ်။ ဆွန်ဟောင်မင်ဟာ စပါးမှာ အကောင်းဆုံး တောက်ပလာခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာလည်း ရွှေဖိနပ်ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။

image

ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးတိုက်စစ်ကစားသမား ဆာလာနဲ့အတူ ရွှေဖိနပ်ဆုကို ပူးတွဲ ဆွတ်ခူးရရှိခဲ့တာပါ။ ဒါ့အပြင် ဘလွန်းဒီအော် အဆင့် သတ်မှတ်ချက်မှာလည်း ဆွန်ဟောင်မင်က အာရှသားတွေထဲမှာ အမြင့်ဆုံး အဆင့် ရရှိတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

image

အဆိုပါ တောင်ကိုရီးယားကြယ်ပွင့်နဲ့ပတ်သက်လို့ ကလော့ပ်က “ကျနော့်ဘဝရဲ့ အကြီးမားဆုံး အမှားတွေထဲက တခုကတော့ ဆွန်ဟောင်မင်ကို မခေါ်ယူခဲ့တာပါပဲ။ သူက တကယ်ကို ထူးချွန်တယ်၊ ကမ္ဘာ့အဆင့်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တယောက်ပါ။ သူ့ ဒဏ်ရာ အဆင်ပြေနေတယ်လို့ ကျနော် ကြားပါတယ်။ သူ မျက်နှာဖုံး ဝတ်ရင်လည်း ဝတ်ရမှာပေါ့”

“ဒါပေမယ့် အဲ့ဒီလို ဝတ်ကစားရရင်လည်း သူက အဆင်ပြေမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ အသက် (၃၀) အရွယ် ဆွန်ဟောင်မင်ဟာ လွန်ခဲ့တဲ့ (၇) နှစ်က ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်ကနေ စပါးကို ပြောင်းရွှေ့ကြေး ပေါင် (၂၂) သန်း ဝန်းကျင်ခန့်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

အဲ့ဒီနောက်မှာတော့ ဆွန်ဟောင်မင်က သူ့ရဲ့ ကစားသမားဘဝကို ဖြည်းဖြည်းချင်း အရောင်တင်လာခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ သူ့အတွက် အအောင်မြင်ဆုံး ဘောလုံးရာသီတခုဖြစ်ခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ လက်ရှိအချိန်မှာ မျက်လုံးအနားက အရိုးခွဲစိတ်ကုသမှုခံယူထားရပေမယ့် ကမ္ဘာ့ဖလားမှာတော့ တောင်ကိုရီးယားကို ဦးဆောင်နိုင်ဖို့ ရာခိုင်နှုန်းများပြားနေပါတယ်။ 

Share

Loading Next Article...
က္က