သရုပ်ဆောင်ဇေရဲထက်က သြဂုတ်လအတွင်းမှာ ရဟန်းဝတ်တော့မယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ သူ့အတွက် ရဟန်းခံဖို့ အသင့်တော်ဆုံး အချိန်ဖြစ်နေပြီလို့လည်း ပြောပြခဲ့ပါတယ်။ မိဘတွေရဲ့ ဆန္ဒနဲ့အတူ အဘွားဖြစ်သူလည်း သက်ရှိထင်ရှား ရှိနေ သေးတာကြောင့် ရဟန်းဝတ်မယ်လို့ ဆိုပါတယ်။

သရုပ်ဆောင်ဇေရဲထက်က မကြာခင်မှာ ရဟန်းဝတ်တော့မယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အနုပညာအလုပ်တွေ များနေတာကြောင့်ရော ရဟန်းမဝတ်ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ မိခင်ရဲ့ ဆန္ဒလည်းဖြစ်သလို၊ သူ့ရဲ့ စိတ်ထဲမှာလည်း ရဟန်းဝတ်ချင်တဲ့ ဆန္ဒဖြစ်ပေါ်နေတဲ့ အကြောင်း Duwun media ကနေပြောပြခဲ့ပါတယ်။
'' ဘုန်းကြီးဝတ်တာကတော့ ဒီသြဂုတ်လအတွင်းမှာပဲ ဝတ်ဖြစ်မှာပါ။ ဝတ်မယ့်ကျောင်းကတော့ နေပြည်တော်မှာဖြစ်မလား၊ ပြင်ဦးလွင်မှာ ဖြစ်မလား၊ ဗုဒ္ဓဂါယာမှာ ဖြစ်မလား တစ်ခုခုပေါ့။ ဝတ်မယ့် နေရာက ဝေးတော့ ဝေးမယ်၊ ဝတ်မယ့် ကာလကိုလည်း မပြောတတ်ဘူး။ " ဆိုပြီး တော့ ဓာတ်ပုံရိုက်ကွင်း တစ်ခုပေါ်မှာ ဇေရဲထက်က Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
ဇေရဲထက်ဟာ ငယ်ငယ်တုန်းကတော့ ကိုရင်ဝတ်ခဲ့ဖူးတာဖြစ်ပြီး ရဟန်းခံဖို့ သင့်တော်တဲ့အရွယ်မှာတော့ အကြောင်းတရားတွေ ရှိခဲ့တာကြောင့် ရဟန်းမဝတ်ခဲ့ရဘူးလို့ဆိုပါတယ်။ ဒီအတွက် အခုချိန်မှာတော့ သူ့အတွက် ရဟန်းခံဖို့ အသင့်တော်ဆုံး အချိန်ဖြစ်နေပြီလို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။
'' ကျွန်တော်ရုပ်ရှင်ကားကြီး မရိုက်ခင်မှာတော့ စိတ်ချမ်းသာ သလောက် စိတ်အေးချမ်း သလို ဝတ်ဖြစ်မှာပါ။ အခုချိန်မှာတော့ အလုပ် လေး လည်းပါးတဲ့အချိန်မှာ မိဘ တွေရဲ့ဆန္ဒရော၊ ကျွန်တော့်ရဲ့ ဆန္ဒအရရော၊ အဘွားလည်း သက်ရှိထင်ရှား ရှိနေချိန်မှာလည်း ကျွန်တော် ရဟန်းခံပေးချင်လို့ပါ'' လို့ ဆိုပါတယ်။
ခွန်အားဖြစ်စေမယ့် စိတ်တစ်ခုတည်းနဲ့ အားပေးခဲ့တာပါဆိုတဲ့ ဇေရဲထက်
ဇေရဲထက်ဟာ လက်ရှိအနုပညာလောကမှာ အောင်မြင်သူတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။ သူဟာ ပရိသတ်များစွာ တို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေရော၊ ဗီဒီယိုဇာတ်ကားတွေကို ပါ ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။
ဇေရဲထက်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက် ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေကြားကနေ အခုဆိုရင် အောင်မြင်တဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။