ဒီနှစ်အတွက် နောက်ထပ် အွန်လိုင်းပွဲတစ်ခုကို Samsung က ကြေညာလိုက်ပါတယ်။
Samsung Unpacked for Every Fan နာမည်နဲ့ ကျင်းပသွားမှာ ဖြစ်လို့ Fan Edition ဖုန်းသစ်တွေ မြင်ရဖို့ ရှိပါတယ်။ စက်တင်ဘာ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ကျင်းပသွားမယ့် ဒီပွဲမှာ မိတ်ဆက်မယ့် အစီအစဉ်အကြောင်း မသိရသေးပေမယ့် သတင်းတွေမှာတော့ Samsung Galaxy S20 Fan Edition ကို ကြေညာသွားဖို့ ရှိတယ်လို့ ဖော်ပြနေကြပါတယ်။

Photo: Tek Deeps
Galaxy S20 Fan Edition ဟာ အောက်တိုဘာလဲမှာ ဈေးကွက်တင်ရောင်းချသွားမှာ ဖြစ်ပြီး သတင်းတွေအရ မျက်နှာပြင် ၆.၅ လက်မ Super AMOLED screen နဲ့ လာမယ်လို့ ဆိုပါတယ်။ display ဟာ 240Hz refresh rate ပါရှိပြီး 4G နဲ့ 5G မော်ဒယ်နှစ်မျိုး ထွက်လာဖို့ ရှိပါတယ်။
4G ဗားရှင်းဟာ Samsung ရဲ့ ကိုယ်ပိုင် Exynos 990 processor သုံးထားပြီး 5G မော်ဒယ်ဟာ Snapdragon 865 SoC နဲ့ လာဖို့ ရှိပါတယ်။ ကျောဘက်မှာ သုံးလုံးတွဲကင်မရာစနစ် နဲ့ ရှေ့ဘက် 32MP selfie ကင်မရာတို့ သုံးသွားဖို့ ရှိပြီး ဘက်ထရီပါဝါ 4500 mAh ၊ RAM 6GB/128GB storage ပါရှိမယ်လို့ သတင်းထွက်နေပါတယ်။
Photo: Droid News
COVID-19 ကပ်ဘေးကြောင့် Samsung ဟာ အွန်လိုင်းမိတ်ဆက်ပွဲတွေ ကျင်းပပြီး ထုတ်ကုန်သစ်တွေ မိတ်ဆက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ Galaxy Note 20 ၊ Note 20 Ultra ၊ Galaxy Buds Livve ၊ Galaxy Tab S7 နဲ့ Galaxy Watch 3 တို့ကို မိတ်ဆက်ခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့ Unpacked ပွဲမှာတော့ Galaxy Z Fold 2 စမတ်ဖုန်းကို ကြေညာခဲ့ပါတယ်။
Samsung ဟာ ဘာလင်မှာ ကျင်းပတဲ့ IFC ထုတ်ကုန်ပြပွဲမှာလည်း Galaxy A42 5G ၊ Tab A7 ၊ Galaxy Fit 2 အပါအဝင် ထုတ်ကုန်သစ်တွေကိုလည်း virtual launch အဖြစ် အွန်လိုင်းကနေ မိတ်ဆက်ခဲ့ပါတယ်။