• Snapdragon 778G+ SoC နဲ့ ကျပ် ၉ သိန်းခွဲတန် Honor 70 5G

အကောင်းဆုံး Vlog ဖုန်းအဖြစ် ကြေညာသွားတဲ့ Honor ဖုန်းပါ

တရုတ်ဖုန်းကုမ္ပဏီ Honor ရဲ့ Mid-Range ထုတ်ကုန်သစ်ကို မလေးရှားဈေးကွက်မှာ ကြေညာသွားပါတယ်။ 

တရုတ်ဈေးကွက်မှာ မေလတုန်းက စတင်မိတ်ဆက်ခဲ့တဲ့ Honor 70 5G ကို Honor Pad 8 ၊ MagicBook 14 2022 တို့နဲ့အတူ တရုတ်ပြင်ပဈေးကွက်တွေထဲ ဖြန့်ချိလာတာ ဖြစ်ပါတယ်။ Honor 70 5G ဟာ ကွေးညွှတ် OLED Panel မှန်ခုံး ၊ ကျောဘက်သုံးလုံးတွဲကင်မရာ ၊ Snapdragon 778G+ Processor တို့နဲ့ လာပြီး ပရီမီယံဆန်ပြီး ကိုယ်ပိုင်ဟန်ပါတဲ့ ဒီဇိုင်းကို သုံးလာပါတယ်။ မျက်နှာပြင်ဆိုဒ် ၆.၆၇ လက်မ FHD+ OLED Curved Panel ဟာ မှန်ပြင်အလယ်အပေါ်တည့်တည့် Punch-Hole Cutout ဒီဇိုင်းကို သုံးထားပါတယ်။ 

image



Honor 70 5G ရဲ့ Panel ဟာ 10-Bit နဲ့ 120Hz Refresh Rate Support ပေးထားပါတယ်။ ဒီဖုန်းကို မောင်းနှင်ထားတဲ့ Snapdragon 778G+ SoC ဟာ High-rate ဂိမ်းတွေ ကစားနေချိန်မှာ Frame Rate အမြင့်နဲ့ ပါဝါသုံးစွဲမှုနည်းပါးတဲ့ Honor ရဲ့ ကိုယ်ပိုင် GPU Turbo X နည်းပညာ ထည့်သွင်းထားပါတယ်။ Honor 70 5G ဟာ ၁/၁.၄၉ လက်မ 54MP Sony IMX800 Custom Sensor သစ်ကို ပထမဆုံးသုံးလာတဲ့ ဖုန်းဖြစ်ပြီး 50MP Ultrawide Lens နဲ့ 2MP Depth Sensor တို့နဲ့ တွဲဖက်ထားပါတယ်။ 

ရှေ့ဘက် Punch-Hole ပေါက်ထဲမှာ 32MP Selfie ကင်မရာနဲ့ လာပါတယ်။ ကျောဘက် မှန်ကာဗာဟာ Diamond-Shaped ဒီဇိုင်းသုံးထားပြီး ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 ကို အအခြေခံထားတဲ့ Magic UI 6.1 နဲ့ လာပါတယ်။ Honor 70 5G ဟာ ဖုန်းလုံခြုံရေးအတွက် မှန်ပြင်အောက်လက်ဗွေစနစ် တပ်ဆင်ထားပြီး ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ USB-C port ၊ WiFi ၊ Bluetooth 5.2 ၊ 5G နဲ့ NFC နည်းပညာတို့ ပါဝင်ပါတယ်။ ဘက်ထရီပါဝါ 4800mAh ဟာ 66W Fast Charging ပံ့ပိုးမှုနဲ့ လာလို့ အားသွင်းရ မြန်ဆန်နေမှာပါ။ 

Honor 70 5G ကို မလေးရှားဈေးကွက်မှာ RAM 8GB/256GB Storage ဗားရှင်းအတွက် ၁၉၉၉ ရင်းဂစ် (မြန်မာငွေ ၉ သိန်းခွဲဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က