• Featured

    စပါးကထွက်မယ့်အစီအစဥ်ကိုဖျက်ပြီး ကွန်တီနဲ့အတူ ဆုဖလားယူဖို့ ဆန္ဒပြင်းပြနေတဲ့ ဟာရီကိန်း

ကွန်တီ စပါးကိုရောက်လာတာကြောင့် ဟာရီကိန်းက သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြင်ဆင်လိုက်တာဖြစ်နိုင်ပါတယ်။

စပါးတိုက်စစ်မှူး ဟာရီကိန်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က မန်စီးတီးကို ပြောင်းရွှေ့ဖို့အတွက် ဆန္ဒပြင်းပြခဲ့တဲ့ ကစားသမားပါ။ နွေရာသီ အပြောင်းအရွှေ့မစခင်မှာတင် အသင်းကထွက်ခွာခွင့်ပေးဖို့ အသင်းဥက္ကဌ လီဗိုင်းကို ဟာရီကိန်းက တောင်းဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

image

မန်စီးတီးကလည်း ဟာရီကိန်းအတွက် စပါးအလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ကို ပြင်ဆင်ထားပေမယ့် စပါးကတော့ ဟာရီကိန်းကို လုံးဝမရောင်းချခဲ့ပါဘူး။ ဒါပေမယ့် ဟာရီကိန်းရဲ့ အပြောင်းအရွှေ့သတင်းတွေက လာမယ့်အပြောင်းအရွှေ့တွေမှာ ဆက်လက်လှုပ်ခတ်သွားဖို့ရှိတယ်လို့ သတင်းတွေက ခန့်မှန်းထားပါတယ်။

image

အခုချိန်မှာတော့ ဒီအရာတွေက ပြောင်းလဲသွားခဲ့ပြီး ဟာရီကိန်းအနေနဲ့ စပါးမှာပဲ ဆက်နေဖို့ ပြင်ဆင်နေပါပြီ။ ဟာရီကိန်းဟာ ကလပ်ကစားသမားဘဝမှာ ဆုဖလားအောင်မြင်မှုကိုမက်မောနေပြီး အခုချိန်မှာတော့ နည်းပြသစ်အဖြစ် ကွန်တီရောက်လာတာကြောင့် ကွန်တီနဲ့အတူ ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ ဆန္ဒပြင်းပြနေတာပါ။

အသက် (၂၈) နှစ်အရွယ် ဟာရီကိန်းက အသင်းနည်းပြဟောင်း နူနိုဆန်တိုဟာ ဆုဖလားတွေကို ယူဆောင်ပေးနိုင်စွမ်းမရှိဘူးလို့ ယုံကြည်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ရလဒ်ဆိုးတွေကြောင့် ကွန်တီနဲ့ အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ ဟာရီကိန်းဟာ ကွန်တီလက်အောက်မှာ တိုးတက်လာနိုင်ပြီး အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်နေတာပါ။

ကွန်တီဟာ နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ အင်တာမီလန်မှာ လော်တာရိုမာတီနက်ဇ်နဲ့လူကာကူတို့ကို အကောင်းဆုံး အရောင်တင်ပေးနိုင်ခဲ့ပြီး စပါးမှာလည်း ဆွန်ဟောင်မင်နဲ့ဟာရီကိန်းအတွဲကို အလားတူ ဖန်တီးပေးလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ကွန်တီက အလုပ်လုပ်ခွင့်ပါမစ်မရသေးတာကြောင့် ကြာသပတေးညမှာ ကစားမယ့် ဗွီတက်ဆီနဲ့ ယူရိုပါကွန်ဖရင့်လိဂ်ပွဲကို ကိုင်တွယ်ဖို့ မသေချာသေးဘူးလို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က