• ဖခင်ဖြစ်သူကို ဂိုးဘယ်လိုသွင်းရလဲဆိုတာ ပြသခဲ့တဲ့ ဂျူနီယာရော်နယ်ဒို

တစ်ပွဲတည်း (၄)ဂိုး သွင်းယူခဲ့တာပါ။

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ သားဖြစ်သူ ဂျူနီယာရော်နယ်ဒိုကတော့ ဂိုးပေါက်ပျောက်နေတဲ့ သူ့ရဲ့ ဖခင်ဖြစ်သူကို ဂိုး ဘယ်လိုသွင်းရမလဲ ဆိုတာကို ပြသသွားခဲ့ပြီ ဖြစ်ပါတယ်။ ဂျူနီယာရော်နယ်ဒိုဟာ ဂျူဗင်တပ် ယူ-၉ အသင်းမှာ ပါဝင်ကစားနေတာဖြစ်ပြီး သူ့ရဲ့ ဂျူဗင်တပ်စ်လူငယ်ကစားသမားဘဝမှာ အသင်းအတွက် (၄)ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

image
 

ရော်နယ်ဒိုကတော့ ဂျူဗင်တပ်စ်အသင်းအတွက် (၃)ပွဲ ပါဝင်ကစားပေးပြီး ဖြစ်ပေမယ့် ဂိုးပေါက်ပျောက်ဆုံးနေဆဲဖြစ်ပြီး စီးရီးအေပြိုင်ပွဲရဲ့ ပထမဆုံးသွင်းဂိုးရရှိဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ အသက် (၃၃)နှစ်အရွယ် ကစားသမားဟာ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာပြီးနောက် ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

image
 

ဂျူနီယာရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အကယ်ဒမီကနေ ဂျူဗင်တပ်စ်အသင်းကို နွေရာသီမှာ ဖခင်ဖြစ်သူလိုပဲ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်ကလည်း သားဖြစ်သူကို သူ့ရဲ့ခြေရာလိုက်နင်းနိုင်တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဂျူနီယာကလည်း ဖခင်လိုပဲ ဂိုးသွင်းထူးချွန်သူဆိုတာကို ပြသနိုင်ခဲ့ပြီး ပွဲဦးထွက်ပွဲမှာပဲ (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဂျူဗင်တပ်စ်အသင်းကြီးအတွက် ဂိုးမသွင်းနိုင်သေးတဲ့ ဖခင်ဖြစ်သူကို ဂျူနီယာရော်နယ်ဒိုက သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေကို ပြသပြီး ဂိုးဘယ်လိုသွင်းယူရလဲဆိုတာ သင်ကြားပေးတာဖြစ်တယ်လို့ မီဒီယာများက အမွှမ်းတင်ခဲ့ပါတယ်။

 

အသက် (၈)နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂျူနီယာရော်နယ်ဒိုဟာ ဂျူဗင်တပ်စ် ယူ-၉ အသင်းမှာတော့ ဘာဇာဂလီရဲ့ သားဖြစ်သူ မတ်တီယာ၊ မာချီစီယိုရဲ့ သားဖြစ်သူ ဒေးဗစ်တို့နဲ့အတူ အသင်းဖော်တွေအဖြစ် ကစားနေတာ ဖြစ်ပါတယ်။ မာချီစီယိုကတော့ ဂျူဗင်တပ်စ်ကနေ ထွက်ခွာခဲ့ပြီ ဖြစ်တာကြောင့် ဒေးဗစ်အနေနဲ့လည်း အသင်းပြောင်းဖွယ်ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က