• Featured

    တာချီလိတ် လေဆိပ်ပြန်ဖွင့်၊ လေကြောင်းလိုင်းများ ဒီနေ့စတင်ပြေးဆွဲ

ခရီးသည်တွေက ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၁၄ ရက်ကျော်ထားရင် ဆေးစစ်ချက်မလိုဘူးလို့ သိရပါတယ်။

ရှမ်းပြည်နယ်၊ ရွှေတြိဂံဒေသ ၊တာချီလိတ်မြို့ လေဆိပ်ကို ဒီနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ် ပြေးဆွဲခွင့် ပြုလိုက်ပြီလို့သိရပါတယ်။

လေကြောင်း ခရီးစဉ် လိုက်ပါမယ့်သူတွေအနေနဲ့ COVID-19 ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီး အနည်းဆုံး ရက်ပေါင်း (၁၄) ရက်ပြည့်မြောက်ပြီးဖြစ်ပါက Rapid Antigen Diagnostic Test (RDT) ထပ်မံစစ်ဆေးရန် မလိုအပ်ဘူးလို့ သိရပါတယ်။

"လေဆိပ်ပြန်ဖွင့်ပါပြီ။ လိုက်ပါမယ့် ခရီးသည်တွေက ဆေးနှစ်ကြိမ်ထိုးပြီး ၁၄ ရက်ကျော်ထားရင် ဆေးစစ်ချက်မလိုပါဘူး။ ကာကွယ်ဆေးမထိုးရသေးပါက အသက် ၆ လ အထက်မှစပြီးCOVID -19 RDT test စစ်ဖို့ လိုအပ်ပါတယ်။ " လို့ လေယာဉ်လက်မှတ်အရောင်းဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောပါတယ်။

image

ဓာတ်ပုံ - CJ

ခရီးစဉ်အတွက် ကာကွယ်ဆေးမထိုးထားသူတွေကို တာချီလိတ်မြို့က ဆေးရုံဟောင်းမှာ မနက် ၉ နာရီကနေ ၁၂ နာရီအထိ RDT အခမဲ့စစ်ဆေးပေးမှာဖြစ်ပြီး သတ်မှတ်အချိန်ထက် ကျော်လွန်မှလာရောက်စစ်ဆေးသူတွေကိုတော့ ဆေးစစ်ခ ၁၀,၀၀၀ ကျပ် ကောက်ခံမှာဖြစ်တယ်လို့သိရပါတယ်။

တာချီလိတ်လေဆိပ်ပြန်ဖွင့်တဲ့ ဒီနေ့ကစပြီး တာချီလိတ် - ရန်ကုန်၊ တာချီလိတ် - မန္တလေး ၊ တာချီလိတ် - လားရှိုး - ဟဲဟိုး - တာချီလိတ် ခရီးစဉ်တွေကို Air Thanlwin လေကြောင်းလိုင်းနဲ့ မန်းရတနာပုံလေကြောင်းလိုင်းတွေက ပြေးဆွဲမည်ဖြစ်ပြီး Air KBZ လေကြောင်းလိုင်းကတော့ ဒီဇင်ဘာ ၁၄ ရက်မှာ ပြေးဆွဲမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

တာချီလိတ်မြို့ကို ဒီဇင်ဘာလ ၁၁ ရက်နေ့ကစပြီး Stay at Home အဖြစ်ကနေပယ်ဖျက်လိုက်ပြီးနောက် လေဆိပ်ကို ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က