ရွိုင်ကိန်းကတော့ တန်ဟက်ခ်ကို ကြိုက်နှစ်သက်ပုံမပေါ်ပါဘူး။

ယူနိုက်တက်ဂန္တဝင်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းဟာ သူ့ရဲ့ လက်ရှိပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြ (၃) ယောက်ကို ရွေးချယ်တဲ့နေရာမှာ အသင်းဟောင်းရဲ့လက်ရှိနည်းပြ အဲရစ်တန်ဟက်ခ်ကို ချန်လှပ်ခဲ့ပါတယ်။ အဲ့ဒီစာရင်းထဲမှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့အတူ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်၊ ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာတို့ ပါဝင်ခဲ့ပါတယ်။



ရွိုင်ကိန်းက “ကျနော် သဘောကျတဲ့ နည်းပြတွေအကြောင်းလား။ ဂွါဒီယိုလာနဲ့ ပတ်သက်လို့ ကျနော် အများကြီး အချိန်ပေးဖြစ်ခဲ့ပါတယ်။ သူ့အသင်းမှာ သူလုပ်ပြနေတာတွေနဲ့ ပတ်သက်လို့ပေါ့။ လူတွေက သူ့ကို အကြီးမားဆုံးအသင်းတွေပဲကိုင်တယ်၊ နာမည်ကြီးတွေပဲ ကိုင်တယ်ဆိုနေကြပေမယ့် သူ့အတွက် ဒီလိုမျိုး အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ သူက နာမည်ကျော်တွေကို ကိုင်တွယ်ပြီး ကစားပုံသွင်းပေးနေတာပါ”

“နောက်တယောက်ကတော့ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ပါ။ ကျနော် သူ့ကို သဘောကျပါတယ်။ သူတို့ ချန်ပီယံရှစ်မှာရှိနေတည်းက ကျနော် သဘောကျခဲ့ပြီး ကျနော့်မျက်စိထဲရောက်နေခဲ့တာပါ။ သူလည်း တကယ်ကို ကောင်းတဲ့ နည်းပြတယောက်ပါ။ ပြီးရင် ချဲလ်ဆီးက ဂရေဟမ်ပေါ်တာပေါ့။ သူ့အသင်းကို သွပ်သွင်းပေးနေတဲ့ ကစားပုံ၊ မီဒီယာတွေရှေ့ပေါ်လာပုံတွေနဲ့ ပတ်သက်ပြီးတော့ပေါ့”

“သူ ချဲလ်ဆီးလို အသင်းကြီးမျိုးကို ကိုင်တွယ်ဖို့ အခွင့်အရေးရတဲ့အတွက်လည်း ကျနော် ဝမ်းသာပါတယ်။ သူက အသင်းကြီးကို ကိုင်တွယ်နိုင်ပါ့မလား၊ အတ္တကြီးတာနဲ့ ဖြစ်ပါ့မလား ပြောနေကြပါတယ်။ ဒါပေမယ့် ဒီလူကို အခွင့်အရေးသာ ပေးလိုက်ပါဗျာ။ သူက ကောင်းကောင်းကြီး အထိုင်ကျသွားမှာပါ။ သူ အင်တာဗျူးတွေဖြေတိုင်း တကယ်ကောင်းတဲ့လူတယောက်လို့ ကျနော်မြင်ပါတယ်။ ဒီတော့ ကျနော် အကြိုက်ဆုံးနည်းပြသုံးယောက်က သူတို့ပါ” လို့ ပြောကြားခဲ့ပါတယ်။

ရွိုင်ကိန်းကတော့ တန်ဟက်ခ်ကို သဘောကျဟန်မရှိတာ ဒီပြောစကားတွေက သက်သေခံနေပါတယ်။ တန်ဟက်ခ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ပြောင်းလဲမှုတွေကို ဖော်ဆောင်နေပေမယ့် ရွိုင်ကိန်း၊ ဂယ်ရီနဗီးလ်၊ ပေါလ်စခိုးလ်တို့လို အသင်းဂန္တဝင်ဟောင်းတွေကတော့ တန်ဟက်ခ်နဲ့ ပတ်သက်လို့ စိတ်တိုင်းကျပုံမပေါ်သေးပါဘူး။  

Share

Loading Next Article...
က္က