• တန်ဟက်ခ်ကို ထုတ်လိုက်ပြီး ပိုချက်တီနိုကို ခေါ်ပေးဖို့ ယူနိုက်တက်ဖန်တွေ တောင်းဆိုနေ

ပိုချက်ကလည်း ချဲလ်ဆီးကနေ အထုတ်ခံထားရတာပါ။

ယူနိုက်တက်ပရိသတ်တွေဟာ ချဲလ်ဆီးနဲ့ လမ်းခွဲထားတဲ့ နည်းပြ ပိုချက်တီနိုကို ခေါ်ယူပေးဖို့ အသင်းရဲ့ အကြီးအကဲ ဆာဂျင်မ်ရက်ကလစ်ဖ်ကို တောင်းဆိုနေကြပါတယ်။ ပိုချက်တီနိုဟာ မနေ့က အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ရုတ်တရက် လမ်းခွဲခဲ့တာပါ။

image

ရာသီတစ်လျှောက်လုံး ချဲလ်ဆီးတို့ ရလဒ်ဆိုးခဲ့ပေမယ့် ရာသီကုန်ခါနီးမှာတော့ ပိုချက်တီနိုရဲ့ ချဲလ်ဆီးက ပုံစံတစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။ နိုင်ပွဲတွေ ဆက်တိုက်ရရှိလာခဲ့ပြီး လာမယ့်ရာသီအတွက်လည်း ဥရောပဝင်ခွင့်ကို ရရှိခဲ့ပါတယ်။

image

ဒါပေမယ့်လည်း ချဲလ်ဆီးတာဝန်ရှိသူတွေဘက်က ပိုချက်တီနိုထက် ငယ်ရွယ်ပြီး အလားအလာပိုရှိတဲ့ နည်းပြကို အလိုရှိတာကြောင့် အခုလိုမျိုးပဲ ပိုချက်တီနိုက ချဲလ်ဆီးနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ရတာပါ။ ဒီလိုမျိုး ချဲလ်ဆီးကနေ ထွက်ခဲ့ရတဲ့ ပိုချက်တီနိုကို ယူနိုက်တက်ပရိသတ်တွေကတော့ အလိုရှိနေပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ လက်ရှိမှာ ရလဒ်ဆိုးနေတဲ့ နည်းပြ တန်ဟက်ခ်ကို ထုတ်ပယ်ပြီး ပိုချက်တီနိုကို ခေါ်ယူပေးဖို့ တောင်းဆိုနေကြတာပါ။ ယူနိုက်တက်ပရိသတ်တွေက “ယူနိုက်တက်အနေနဲ့ ပိုချက်တီနိုကို ခန့်အပ်သင့်ပါတယ်။ အသင်းအတွက် ဘယ်အရာက ကောင်းလဲဆိုတာကို သိရင်ပေါ့” “တန်ဟက်ခ်ထွက်ရင် ပိုချက်တီနိုက သေချာပေါက် ခေါ်ရမယ့်နည်းပြပါ”

“ငါသာဆိုရင် ပိုချက်တီနိုကို ခေါ်မှာပဲ” လို့ အမျိုးမျိုး မှတ်ချက်ပေးခဲ့ကြပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့ဘဲ ပရီးမီးယားလိဂ်မှာ အဆင့် (၈) နဲ့သာ ရာသီသိမ်းခဲ့တာကြောင့် တန်ဟက်ခ်ရဲ့အနာဂတ်ကလည်း မတည်မငြိမ်ဖြစ်နေတာပါ။

Share

Loading Next Article...
က္က