ဒဏ်ရာရသူတစ်ဦးကလည်း စိုးရိမ်ရတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့မှာ ပြုပြင်မှုပြုလုပ်နေတဲ့ တိုက်တစ်လုံးပြိုကျခဲ့လို့ အမျိုးသားတစ်ဦးသေဆုံးခဲ့တဲ့အပြင် နောက်ထပ်တစ်ဦးလည်း အပြင်းအထန်ဒဏ်ရာရရှိပြီး စိုးရိမ်ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရပါတယ်။



ဖြစ်စဉ်ကဒီနေ့အောက်တိုဘာလ ၁၄ ရက်နေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်မှာ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ နယ်မြေ(၆) ဇောတိကလမ်းက RC (၁)ထပ်တိုက် ပြုပြင်နေစဉ် အမိုးပြိုကျခဲ့တကြောင့် ပြုပြင်မှုလုပ်နေတဲ့ အလုပ်သမား အမျိုးသား (၂)ဦးအ ပေါ်ကို ပိမိပြီး တစ်ဦးသေပြီးတစ်ဦးက ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ကောင်လေး နှစ်ယောက်ထဲက တစ်ယောက်ကတော့ အမိုးပြိုကျတဲ့ ဒဏ်ကြောင့် သေ သွားတယ်၊ နောက်တစ်ယောက်ကဒဏ်ရာရတယ်။စိုးရိမ်ရတယ်လို့သိရတယ်" လို့ တောင်ကြီးဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ သေဆုံးအမျိုးသား နဲ့ ဒဏ်ရာရရှိခဲ့သူ အမျိုးသားတို့ကို တောင်ကြီးစပ်စံထွန်းဆေးရုံကိုပို့ဆောင်ပြီး ကုသမှုပေးနေတယ်လို့သိရပါတယ်။

ဒါကြောင့်တောင်ကြီးခရိုင်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကယ်ဆယ်ရေး သွားရောက်ကူညီဆောင်ရွက်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရပါ တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က