• Tesla ကားနဲ့ Cryptocurreny ထုတ်ရင်း တစ်လ ဒေါ်လာ ၈၀၀ ဝင်ငွေရနေတဲ့သူ

Crypto သမားတွေ ဉာဏ်များလိုက်ပုံ

Tesla ကားပိုင်ရှင်တစ်ဦးဟာ ၂၀၁၈ မော်ဒယ် Model 3 ကားနဲ့ ငွေရှာတဲ့နည်းသစ်နဲ့ ဟန်ကျနေတယ်လို့ ဆိုပါတယ်။

ဆီရာ့ဂျ် ရာဗဲလ်ဆိုသူဟာ Tesla Model 3 ကားထဲက Console အိမ်မှာ ရှိတဲ့ ၁၂ ဗို့ ပါဝါ Socket ထဲမှာ အင်ဗာတာတစ်ခု စိုက်ပြီး Apple Mac Mini M1 ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး Free Bitcoin Mining ဆော့ဖ်ဝဲလ်တစ်ခုနဲ့ Cryptocurrency ထုတ်နေခဲ့တာ ဖြစ်ပါတယ်။ ကားနောက်ဖုံးထဲမှာ GPU တစ်ခု တပ်ဆင်ထားပြီး Ether တွေ ထုတ်လာခဲ့တာပါ။ ဒီစက်နှစ်လုံးစလုံးဟာ ကားရဲ့ အတွင်းဘက်ထရီကို အသုံးပြုပြီး Mining ထုတ်နေတာလို့ CNBC သတင်းက ဖော်ပြထားပါတယ်။ 

image

Photo: CNBC


အခုလို လုပ်တာဟာ ကားအာမခံပျက်နိုင်ခြေရှိပေမယ့် သူ့အတွက်လည်း တွက်ချေကိုက်တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်က Ether တွေ ဈေးအမြင့်ဆုံးရောက်နေချိန်က တစ်လကို ဒေါ်လာ ၈၀၀ အထိ အသားတင်ဝင်ခဲ့တယ်လို့လည်း ရာဗဲလ်က ပြောပါတယ်။ ကားနဲ့ချိတ်ပြီး Ether ထုတ်ဖို့အတွက် ရာဗဲလ်ဟာ သူ့ရဲ့ Tesla ကားဘက်ထရီမှာ GPUs ၅ လုံးတပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ 

လျှပ်စစ်ကားအားသွင်းခအတွက် ပိုက်ဆံသုံးရပေမယ့် မှုလောက်စရာတော့ မဟုတ်ဘူးလို့ ရာဗဲလ်က ပြောပါတယ်။ ရာဗဲလ်ရဲ့ Model 3 ကားဟာ အားအပြည့်သွင်းထားချိန်မှာ တစ်နာရီ မိုင် ၃၂၀ အထိ သွားနိုင်ပြီး အဲ့ဒီလို အားသွင်းဖို့အတွက် ၁၀ ဒေါ်လာကနေ ၁၅ ဒေါ်လာခန့် ကုန်ကျတယ်လို့ ဆိုပါတယ်။ တစ်ရက်နာရီနည်းနည်းလောက် ကားမောင်းရင် တစ်ပတ်ကျော်လောက်နေမှ တစ်ခါ အားသွင်းရတာဖြစ်လို့ တစ်လလုံးမှာ အားသွင်းခ ဒေါ်လာ ၃၀ ကနေ ၆၀ အထိ ကျသင့်တာ ဖြစ်ပါတယ်။ 

ဒီနည်းနဲ့ ရာဗဲလ်ဟာ Cryptocurrency တွေထုတ်ပေမယ့် Tesla ကားဘက်ထရီကို တစ်ရက် နာရီ ၂၀ လောက် အနားပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်မှာ ရာဗဲလ်ဟာ တစ်လဒေါ်လာ ၄၀၀ ကနေ ၈၀၀ အကြား ဝင်ငွေရတယ်လို့လည်း ပြောပါတယ်။ ရာဗဲလ်လိုပဲ ခရစ် အယ်လက်ဆီဆိုသူဟာ သူ့ပိုင် Tesla Model S ကားကို Crypto Mining တူးစက်အဖြစ် ပုံပြောင်းပြီး ထုတ်နေခဲ့တယ်လို့ ဆိုပါတယ်။

Photo: blazetrends


Bitcoin Miner တစ်ဦးဖြစ်တဲ့ အလက်ဂျန်ဒရိုက် ဒီ လာ တိုရေးဆိုသူကတော့ Tesla ကားနဲ့ Mining ထုတ်တာဟာ တခြား ပါဝါ Source နဲ့ ချိတ်ပြီး Cryptocurreny ထုတ်တာနဲ့ အတူတူပဲလို့ ပြောပါတယ်။

"အဓိကအပိုင်းက လျှပ်စစ်ဓါတ်အားခပဲဗျ။ လျှပ်စစ်ကားကနေ Cryptocurrency ထုတ်တာက ‌ဈေးချိုရင် လုပ်သာလုပ်လို့ ပြောချင်ပါတယ်"လို့ တိုရေးက ဆိုပါတယ်။

တစ်ခုရှိတာက ဒေါ်လာ ၄ သောင်းကနေ ၁ သိန်းကြားတန် Tesla ကားနဲ့ Bitcoin ထုတ်တာကတော့ ကြေးကြီးလွန်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က