• Tesla မှာ ဘွဲ့မရသူလည်း အလုပ်လျှောက်နိုင်ကြောင်း အီလွန်မတ်စ်ပြော

hardcore coding test တွေကိုတော့ ဖြတ်သန်းရမှာပါ

Tesla ကားကုမ္ပဏီပိုင်ရှင် အီလွန်မတ်စ်ကတော့ အလုပ်ခေါ်စာမှာ ဘွဲ့ရရ မရရ ဂရုမစိုက်ကြောင်း ကြေညာထားပါတယ်။

ကမ္ဘာကျော် လျှပ်စစ်ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Tesla ဟာ Artificial Intelligence ပိုင်းမှာ အလုပ်ခန့် လူရှာနေတာပါ။ Tesla Autopilotရဲ့ လူလုံးဝမလိုဘဲ အလိုအလျောက် မောင်းနှင်နိုင်တဲ့ Full Self-Drving ပိုင်းမှာ ခန့်အပ်ဖို့ လူရှာနေတာ ဖြစ်ပါတယ်။

image

Photo: Inc


Tesla ကားကုမ္ပဏီကို ပိုင်ဆိုင်သူလည်း ဖြစ် ၊ ပူးတွဲတည်ထောင်သူလည်း ဖြစ်တဲ့ အီလွန်မတ်စ်ကတော့ ဒီအလုပ်အတွက် လျှောက်ထားသူဟာ PhD ဘွဲ့ရပဲ ဖြစ်စေ ၊ အထက်တန်းကျောင်း မပြီးခဲ့သူပဲ ဖြစ်စေ လျှောက်ထားနိုင်တယ်လို့ Twitter မှာ ရေးတင်ထားပါတယ်။ အလုပ်ခန့်အပ်ခံရသူဟာ မတ်စ်ကို တိုက်ရိုက်အစီရင်ခံရမှာ ဖြစ်ပြီး ပုံမှန် တွေ့ဆုံရမှာပါ။

"PhD ဘွဲ့ရဖို့ မလိုပါဘူး။ အထက်တန်းကျောင်း မပြီးရင်တောင် ဂရုမစိုက်ပါဘူး။ Artificial Intelligence ပိုင်းမှာ နက်နက်နဲနဲ နားလည်ကြောင်းပဲ ပြသနိုင်ဖို့ လိုပါတယ်" လို့ သူက ဆိုပါတယ်။ Tesla ဟာ မကြာခင် အပြည့်အဝ အလိုအလျောက် မောင်းနှင်မှုအတွက် လိုအပ်တဲ့ sensors နဲ့ compute စနစ်တွေကို တစ်ကမ္ဘာလုံးက ချိတ်ဆက်ထားတဲ့ ယာဉ်တစ်သန်းကျော်မှာ သုံးလာမယ်လို့ အီလွန်မတ်စ်ရဲ့ Tweet မှာ ရေးထားပါတယ်။


Photo: Unilad

Tesla AI ဌာနမှာ အလုပ်လျှောက်သူဟာ သတ်မှတ်ထားတဲ့ coding test များ အောင်မြင်သူ ဖြစ်ဖို့ လိုပါတယ်။ တကယ့် coding test အခက်ကြီးတွေ အောင်မြင်မှ အလုပ်ရမှာ ဖြစ်လို့ လွယ်လွယ်လေးတော့ အလုပ်ရမှာ မဟုတ်ပါဘူး။ Tesla မှာ ယာဉ်ထိန်းချုပ်မှုအတွက် C++နဲ့ C အင်ဂျင်နီယာ အမြောက်အများလည်း လိုအပ်နေပြီး ပညာရေးနောက်ခံ မကိုက်ညီသူတွေလည်း လျှောက်ထားနိုင်မယ်လို့ ဆိုပါတယ်။

အီလွန်မတ်စ်ဟာ အလုပ်အကိုင်ခေါ်ရာမှာ ဘွဲ့နောက်ခံကို သိပ်ဂရုမစိုက်သူအဖြစ် နာမည်ကြီးပါတယ်။ ၂၀၁၄ ခုနှစ်က တွေ့ဆုံခန်းတစ်ခုမှာလည်း ဘီလ်ဂိတ်စ် ၊ လယ်ရီ အယ်လီဆန် နဲ့ စတိဗ်ဂျော့စ်တို့ကို နမူနာပေးပြီး ကောလိပ်ဘွဲ့ရခြင်း မရခြင်းဟာ မရှိမဖြစ် အရေးပါတဲ့ အရာမဟုတ်‌ကြောင်း ပြောခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က