• TikTok က ကိုယ်ပိုင် Music ပလက်ဖောင်းတစ်ခု တည်ထောင်ဖို့ စီစဉ်နေ

အမေရိကန်နဲ့ ဩစတြေးလျဈေးကွက်တွေမှာ မှတ်ပုံတင်ထားပါတယ်
[Zawgyi Version]

Video Sharing App တစ်ခုဖြစ်တဲ့ TikTok ဟာ Spotify ၊ Apple Music တို့နဲ့ အပြိုင် Music Streaming ပလက်ဖောင်းတစ်ခု ထောင်တော့မှာပါ။ 

အမေရိကန်မူပိုင်ခွင့်နဲ့ ကုန်အမှတ်တံဆိပ်ရုံးမှာ တင်ထားတဲ့ ကုန်အမှတ်တံဆိပ်လျှောက်လွှာတစ်ခုအရ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ဟာ TikTok Music နာမည်နဲ့ မေလထဲမှာ ကုန်အမှတ်တံဆိပ် လျှောက်ထားမှုလုပ်ထားတယ်လို့ သိရပါတယ်။ TikTok Music ဟာ အသုံးပြုသူတွေကို Music တွေ ဝယ်ယူနိုင် ၊ နားဆင်နိုင် ၊ မျှဝေပြီး ကိုယ့်ထုတ်ကုန်ထဲမှာ ဒေါင်းလုပ်ဆွဲနိုင်အောင် ခွင့်ပြုထားတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်လာမှာပါ။ 



TikTok Music ပလက်ဖောင်းကနေ သီချင်းတွေနဲ့ Music Video တွေကို တိုက်ရိုက် Livestream လွှင့်တင်နိုင်သလို သီချင်း Playlists တွေ ဖန်တီးတာ ၊ မျှဝေတာ ၊ ထောက်ခံ recommend ပေးတာ နဲ့ မှတ်ချက်ပြုတာတွေလည်း လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ ByteDance ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက TikTok Music လုပ်ငန်းအမှတ်တံဆိပ်ကို ဩစတေးလျမှာ မှတ်ပုံတင်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ 

ByteDance ဟာ အရင်ကတည်းက Music Streaming ပိုင်းမှာ အတွေ့အကြုံရှိပြီးသား ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၂၀၂၂၀ မှာ Resso နာမည်နဲ့ Music Streaming App တစ်ခုကို အိန္ဒိယ ၊ ဘရာဇီး နဲ့ အင်ဒိုနီးရှားတို့မှာ ဖြန့်ချိထားခဲ့ပါတယ်။ Resso မှာ TikTok Music လုပ်ငန်းအမှတ်တံဆိပ် လျှောက်ထားချက်ပါ Features တချို့ ပါဝင်ပြီး TikTok Music App လိုမျိုး Music Playlists တွေ ဖန်တီးတာ ၊ သီချင်းတွေကို Social Media တွေပေါ် ပြန် Share တာနဲ့ App ရဲ့ ဆက်စပ်ရာ Community တွေနဲ့ အပြန်အလှန် လုပ်ဆောင်နိုင်စွမ်းတွေလည်း ထည့်သွင်းထားပါတယ်။ 

ByteDance ဟာ လက်ရှိအသုံးပြုသူတွေကို Resso ပေါ် ခေါ်ဆောင်ဖို့အတွက်ပါ TikTok ကို အသုံးပြုနေပါတယ်။ The Information က လာတဲ့ သတင်းတစ်ပုဒ်အရ ဘရာဇီးနိုင်ငံအတွင်း ဖြန့်ချိထားတဲ့ TikTok App ထဲမှာ TikTok အသုံးပြုသူတွေကို Resso ကို သွားပြီး သူတို့စိတ်ဝင်စားတဲ့ သီချင်းကို Full Version နားဆင်နိုင်အောင် ပြန်ပြီး Redirect ညွှန်းတာတွေ လုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။ 

The Information ရဲ့ သတင်းထဲမှာပဲ Resso ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ အိန္ဒိယ ၊ ဘရာဇီးနဲ့ အင်ဒိုနီးရှားတို့မှာ လစဉ်အသုံးပြုသူ သန်း ၄၀ ကျော် ရှိထားတယ်လို့ ဆိုပါတယ်။ အသုံးပြုသူ ဦးရေဟာ ဆက်လက်ဖွံ့ဖြိုးနေမယ်လို့လည်း ယူဆရပါတယ်။ အိန္ဒိယတစ်နိုင်ငံတည်းမှာပဲ Resso ရဲ့ လစဉ် ပုံမှန်အသုံးပြုနေသူဦးရေဟာ ၂၀၂၁ ဇန်နဝါရီကနေ ၂၀၂၂ ဇန်နဝါရီလအတွင်း ၃၀၄% မြင့်တက်လာတယ်လို့ The Insider ရဲ့ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းက အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Resso နဲ့ အပြိုင် Spotify ကတော့ အဲ့ဒီကာလအတွင်း အိန္ဒိယမှာ‌ ဈေးကွက်ဖွံ့ဖြိုးမှု ၃၈% ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ 



ByteDance အနေနဲ့ Resso framework ကို အခြေခံပြီး Music Streaming App တစ်ခုကို ဆက်လက်ဖွံ့ဖြိုးမှု လုပ်သွားမလား ဒါမှမဟုတ် တစ်ခုလုံး အသစ်ဒီဇိုင်းထုတ် ရေးဆွဲသွားမလားဆိုတာတော့ မသိရသေးပါဘူး။ Social Media လောကမှာ TikTok ရဲ့ ဩဇာကို အသုံးပြုပြီး Music Streaming လောကထဲမှာလည်း ထိပ်တန်းတစ်နေရာကို ရောက်လာဖို့ ရှိပါတယ်။ သိပ်မကြာတော့တဲ့ ကာလတစ်ခုမှာ နာမည်ကျော် Spotify ၊ Apple Music တို့ကို စိန်ခေါ်နိုင်မယ့် Music ပလက်ဖောင်းသစ်ကို TikTok က တရားဝင် ကြေညာတော့မလား စောင့်ကြည့်ရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...