• Featured

    TikTok နဲ့ Oracle တို့ မိတ်ဖက်ပြုမှု သမ္မတထရမ့် သဘောတူ

TikTok ပေါ် အမေရိကန်အစိုးရရဲ့ ကိုင်တွယ်ချဉ်းကပ်ပုံဟာ ပြောင်းလဲလာပါတယ်။ 

ဒီတစ်ပတ် စနေနေ့မှာပဲ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ နိုင်ငံအတွင်း TikTok နဲ့ Oracle ၊ Walmart တို့ ပူးပေါင်းမှုကို အခြေခံမူသဘောအရ အတည်ပြုလိုက်တယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် TikTok ကို အမေရိကန်နိုင်ငံအတွင်း ပိတ်ချသွားမှာ မဟုတ်ဘဲ ဆက်ပြီး လုပ်ငန်းလည်ပတ်နိုင်စေမှာပါ။

"ကျွန်တော်ကတော့ ဒီသဘောတူညီချက်ကို ခွင့်ပြုထားပါတယ်။" သမ္မတထရမ့်က ဆိုပါတယ်။ 

image

Photo: The Verge


ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ TikTok ကို ပိတ်ပင်သွားမယ့်အကြောင်း ကြေညာထားတဲ့ အမေရိကန်စီးပွားကူးသန်းဌာနကလည်း TikTok နဲ့ အမေရိကန်နိုင်ငံအတွင်း လုပ်ငန်းကိုင်ငန်းတွေ တားမြစ်မှုကို နောက်တစ်ပတ် တနင်္ဂနွေနေ့အထိ ရွှေ့ဆိုင်းသွားမယ်လို့ ကြေညာပါတယ်။ 

သမ္မတထရမ့်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာပြီးနောက် Oracle ဟာ TikTok ရဲ့ စိတ်ချရတဲ့ cloud provider အဖြစ် အရွေးခံရကြောင်းနဲ့ TikTok မှာ ရှယ်ယာ ၁၂.၅% နဲ့ အနည်းစုရှယ်ယာပိုင်ရှင် ဖြစ်လာမယ့်အကြောင်းကို ထုတ်ပြန်ခဲ့ပါတယ်။ TikTok ဘက်ကလည်း ဒီသတင်းကို အတည်ပြုလိုက်ပြီး Walmart နဲ့လည်း စီးပွားရေးမိတ်ဖက်အဖြစ် လက်တွဲနေတယ်လို့ ဆိုပါတယ်။

CNBC သတင်းအရ Walmart ဟာ TikTok မှာ ရှယ်ယာ ၇.၅% ဝယ်ယူဖို့ မူအားဖြင့် သဘောတူညီမှု ရထားတယ်လို့ ဖော်ပြထားပါတယ်။ Walmart CEO ဒေါ့ဂ်မက်စ်မီလွန်ဟာ အသစ်ဖွဲ့စည်းမယ့် ကုမ္ပဏီ ဘုတ်အဖွဲ့ဝင် ငါးဦးမှာ တစ်ဦးအပါအဝင်လည်း ဖြစ်လာဖို့ ရှိပါတယ်။

TikTok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ဟာ ကုမ္ပဏီရဲ့ လက်ကျန် ရှယ်ယာ ၈၀% ကို ပိုင်ဆိုင်မှာပါ။ တစ်ခုရှိတာက ByteDance ကုမ္ပဏီရဲ့ ၄၀% ကို အမေရိကန် ငွေကြေးရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေက ပိုင်ဆိုင်ထားတာ ဖြစ်လို့ TikTok Global စီးပွားရေးလုပ်ငန်း ရှယ်ယာအများစုကို အမေရိကန်ကုမ္ပဏီတွေ ပိုင်တာလို့ ဆိုနိုင်ပါတယ်။

Photo: Ntd


Oracle နဲ့ Walmart တို့ကတော့ TikTok Global ဟာ အမေရိကန်နိုင်ငံအတွင်း အလုပ်အကိုင်သစ် ၂၅၀၀၀ ကျော် ဖန်တီးသွားမှာ ဖြစ်ပြီး ဘဏ္ဍာရေးဌာနကို အခွန် ဒေါ်လာ ၅ ဘီလျံပေးသွားမယ်လို့ ဆိုပါတယ်။ ဘဏ္ဍာရေးဌာနအာဏာပိုင်တွေကတော့ Oracle နဲ့ Walmart တို့ရဲ့ သဘောတူညီချက်ကို အပြီးသတ်ဖို့ လိုဦးမှာ ဖြစ်ပြီး ဒီသဘောတူညီချက်အပေါ် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ကော်မတီ CFIUS ဆီက လက်မှတ်ရေးထိုးပေးရမှာပါ။ 

ဒါ့အပြင် TikTok Global အနေနဲ့ AI အခြေပြုပညာရေးသင်ရိုးတစ်ခုပါ ရေးဆွဲသွားမှာ ဖြစ်ပါတယ်။ ဒီသင်ရိုးကနေ ကလေးတွေကို အခြေခံ ဖတ်စရာ ၊ သမိုင်း ၊ သိပ္ပံနဲ့ တစ်ခြားဘာသာရပ်တွေအကြောင်း သင်ကြားပေးသွားမှာပါ။

Share

Loading Next Article...
က္က