• Featured

    TikTok နဲ့ Zoom အပါအဝင် တရုတ် app ၅၀ ကျော် အိန္ဒိယအစိုးရ ပိတ်ပင်ဖို့ရှိ

တရုတ်ပြည်ဖြစ် ထုတ်ကုန်တွေကို သပိတ်မှောက်နေကြပါတယ်

နှစ်နိုင်ငံ နယ်စပ်အရေးတင်းမာမှုတွေ ဖြစ်ပွားပြီးနောက် အိန္ဒိယထောက်လှမ်းရေးအာဏာပိုင်တွေဟာ နိုင်ငံ့လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်တဲ့ app စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။


အိန္ဒိယအမျိုးသား လုံခြုံရေးကောင်စီဟာ နာမည်ကျော် တရုတ် app တွေ ဖြစ်တဲ့ TikTok နဲ့ Clash of Kings တို့လို ဂိမ်းတွေအပါအဝင် app ပေါင်း ၅၃ ခုကို သုံးစွဲခြင်း မပြုဖို့နဲ့ ပိတ်ပင်ဖို့ တိုက်တွန်းထားတယ်လို့ Hindustan Times သတင်းက ဆိုပါတယ်။ ထုတ်ပြန်လိုက်တဲ့ မယုံရတဲ့ app စာရင်းမှာ Zoom ဗွီဒီယို အစည်းအဝေးပလက်ဖောင်း ၊ TikTok video app နဲ့ တစ်ခြားနာမည်ကြီး တရုတ် app တွေ ဖြစ်တဲ့ UC Browser ၊ Xender ၊ SHAREit နဲ့ Clean-master တို့လည်း ပါဝင်နေပါတယ်။

image



Photo: jackspost

အကြီးတန်း အစိုးရအာဏာပိုင်တစ်ဦးကတော့ ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ တိုက်တွန်းမှုကို အမျိုးသားလုံခြုံရေးကောင်စီ အတွင်းဝန်ရုံးမှ ထောက်ခံထားတယ်လို့ ဆိုပါတယ်။ Zoom ကတော့ လုံခြုံရေး စိုးရိမ်မှုနဲ့ ပိတ်ပင်ဖို့ အိန္ဒိယအစိုးရဟာ ဧပြီလကတည်းက စီစဉ်နေတာပါ။ Zoom ကို အိန္ဒိယအပြင် အမေရိကန်နဲ့ တစ်ခြား နိုင်ငံတစ်ချို့မှာလည်း လုံခြုံရေးအားနည်းပြီး ကိုယ်ရေးကိုယ်တာစိုးရိမ်စရာအချက်တွေကြောင့် စုံစမ်းမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

သတိပေးထားတဲ့ app တွေထဲမှာ အိန္ဒိယနိုင်ငံမှာ လူကြိုက်များလာတဲ့ Bigo Live ၊ Club Factory ၊ Shein နဲ့ Helo တို့လည်း ပါဝင်နေပါတယ်။ အန္တရာယ်ရှိ app list ထဲမှာ WeChat ၊ Mi Community ၊ Mi Store ၊ Du Battery Saver ၊ DU Browser ၊ DU Cleaner ၊ DU Privacy ၊ QQ Launcher ၊ QQ Player ၊ QQ Music စတဲ့ apps တွေလည်း ပါဝင်နေပါတယ်။ 

Photo: Reuters


အမျိုးသားလုံခြုံရေးကောင်စီအနေနဲ့ app တစ်ခုချင်းစီနဲ့ ဆက်စပ်နေတဲ့ အန္တရာယ်ကို အကဲဖြတ်ဖို့ စီစဉ်ထားပါတယ်။ ဒီ app တွေဟာ အချက်အလက် ပေါက်ကြားစေမယ့်အပြင် ကွန်ရက်လိုင်း ကျဆင်းအောင် လုပ်ဖို့လည်း သုံးနိုင်ခြေ ရှိတယ်လို့ စိုးရိမ်နေကြတာပါ။ ဟိမဝန္တာနယ်စပ်မှာ တရုတ်နဲ့ အိန္ဒိယ နှစ်ဖက်အစိုးရတို့ဟာ လူသေဆုံးစေတဲ့အထိ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ နယ်စပ်အရေးမှာ သဘောထားတင်းမာနေကြပါတယ်။

နယ်စပ်အရေးကြောင့် နှစ်နိုင်ငံသဘောထားတင်းမာမှုဟာ အိန္ဒိယမှာ လုပ်ငန်းလည်ပတ်နေတဲ့ တရုတ်ကုမ္ပဏီများကို ထိခိုက်စေနိုင်ပါတယ်။ တရုတ်စမတ်န်းကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ OPPO ဟာ ဇွန်လ ၁၇ ရက်နေ့မှာ အွန်လိုင်းပွဲအနေနဲ့ မိတ်ဆက်သွားမယ့် Find X 5G ဖုန်း မိတ်ဆက်ပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။ အိန္ဒိယမှာလည်း တရုတ်ပြည်ဖြစ် ထုတ်ကုန်တွေကို သပိတ်မှောက်ဆန္ဒပြနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က