တစ်ယောက်တည်း ခရီးထွက်မယ်ဆိုရင် ဒါတွေပြင်ဆင်သွားပါ။

ဒီအပတ်ရဲ့ Travel Tips မှာတော့ တစ်ယောက်တည်း ခရီးထွက်ဖို့ ကြံနေတဲ့ FAလေးတွေအနေနဲ့ တစ်ယောက်တည်း ခရီးသွားရင် ဘယ်လိုတွေ ကြိုပြင်ဆင်ရမလဲဆိုတာ ပြောပြ ပေးချင်ပါတယ်။ 




ခရီးစဉ်အကြောင်း ယုံကြည်ရတဲ့သူတွေဆီ မျှဝေထားပါ 


တစ်ယောက်တည်းခရီးသွားတော့မယ်ဆိုရင် ကိုယ့်ရဲ့ ခရီးစဉ်အကြောင်းကို ယုံကြ ည်စိတ်ချရတဲ့ မိသားစု ဒါမှမဟုတ် သူငယ်ချင်းအချို့ ကို ပြောပြထားဖို့ လိုအပ်ပါတယ်။ ခရီးစဥ်အသေးစိတ်အချက်အလက်၊ လေယာဉ်လက်မှတ်၊တည်းမယ့် ဟိုတယ်၊Booking ID တွေနဲ့ ဘယ်နေ့ ဘယ်ကို သွားလည်မယ်ဆိုတာတွေကို ယုံကြည်ရတဲ့ သူတစ်ယောက်ယောက်ကို ခရီးမထွက်ခင်ကတည်းက ပြောပြထားပါ ။ ဒါမှသာ အရေးတကြီးတစ်ခုခုဖြစ်လာခဲ့ရင် ကူညီဖို့ ခရီး အစီအစဉ်ကို သိတဲ့သူရှိနေဖို့ လိုအပ်ပါတယ်။ 


အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ 


အရေးပေါ် အခြေ အနေ တွေ ကို ကြိုတင်တွေးတွေတောပြီး အစီအစဉ်တစ်ခုပြုလုပ်ထားဖို့ လိုပါတယ်။ ခရီးစဥ်ဆိုတာက တစ်ခါတလေမှာ မမျှော်လင်ထားတဲ့ အရေးပေါ်အခြေ အနေတွေ ပေါ်လာတတ်ပါတယ်။ ကျန်းမာရေး ၊ ငွေကြေး ။ အရေးကြီးပစ္စည်း တစ်ခုခုပျောက်ဆုံးတာတွေ ဖြစ်တတ်လို့ ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုပါတယ်။ အထွေထွေ သုံးဆေးမျိုးစုံ ကိုအနည်းဆုံးနှစ်ကြိမ်စာ ထည့်တာ ၊ နိုင်ငံတကာသုံးကဒ်(Visa, Master, Union Pay) အစရှိတာတွေကို ပြင်ဆင်ထားဖို့ လိုပါတယ်။ 



အရေးကြီးပစ္စည်းတွေကိုလုံလုံခြုံခြုံထားပါ


ဖုန်း ၊ ခရက်ဒစ်ကဒ်၊ ငွေ ၊ ID နဲ့ ပတ်စပို့ စတာတွေကစပြီး ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေကို အချိန်တိုင်း မြင်နိုင်တဲ့ လုံလုံခြုံခြုံတဲ့အိတ်ထဲမှာ ထားဖို့ သတိပေးပါရစေ။ အရေးကြီးပစ္စည်းတွေထည့်ထားတဲ့ အိတ်ကို လက်လွတ်စပါယ်ထားတာမျိုး ရှောင်ကြဉ်ပါ။ အပိုဆောင်ထားတဲ့ ငွေတွေကိုလည်း နေ ရာစုံခွဲပြီး လုံခြုံအောင်ထားပါ။ 


ကိုယ့်ရဲ့ ဘေးအန္တရာယ်ကင်းဝေးစေဖို့ ခရီးစဉ်ကို သေချာလေ့လာထားပါ 


ခရီးမသွားခင် ကိုယ်သွားမယ့်နေရာရဲ့ အနီးနားက ဆေးရုံတွေ ၊ ရဲစခန်းတွေနဲ့ တခြား အရေးပေါ် အဆောက်အဦးတွေကိုရှာဖွေလေ့လာထားပါ၊ တကယ်လို့ ပြည်ပခရီးသွားတာဆိုရင်လည်း ဒေသဘာသာစကားနဲ့ အရေးပေါ်စကားတွေကို လေ့လာထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ လိုအပ်လာရင် အကူအညီတောင်းနိုင်ပါမှာဖြစ်ပါတယ်။ အလည်အပတ်သွားမယ့် နေရာအကြောင်း၊ ရှောင်ရှားသင့်တဲ့ အပြုအမူ၊ အပြောအဆိုတွေကို လေ့လာထားပါ။



အရေးကြီးစာရွက်စာတမ်းတွေကို မိတ္တူကူးထားပါ 

  

ခရီးမသွားခင်ကြိုတင်ပြီး Booking ID နဲ့ နိုင်ငံကူးလက်မှတ်တွေအပြင် အရေးကြီး စာရွက်စာတမ်းတွေကို မိတ္တူကူးထားဖို့မမေ့ပါနဲ့။ ဖုန်း ၊နိုင်ငံကူးလက်မှတ်မူရင်း ပျောက်ဆုံးတာတွေ ဒါမှမဟုတ် ခိုးယူခံရတာတွေ ဖြစ်တတ်လို့ မိတ္တူကူးယူထားသင့်ပါတယ်။ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တစ်ဦးကို အရေးကြီးစာရွက်စာတမ်းတွေကို ဓာတ်ပုံရိုက်ပြီး ပေးပို့ထားပါ။ သူငယ်ချင်း၊ မိသားစုဝင်တစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို သေချာပေါက်အလွတ်ရနေဖို့ သတိချပ်ပါ။  


ဒီအချက်လေးတွေကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် တစ်ယောက်တည်း ခရီးထွက်လည်း ဘာမှစိုးရိမ်ပူပန်နေစရာမလိုတော့ပါဘူး။ အန္တရာယ်ကင်း ဘေးရှင်းတဲ့ Solo Trip လေးပိုင်ဆိုင်နိုင်မှာကျိန်းသေတယ်လို့ အာမခံပါတယ်။ 

ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။ 

Share

Loading Next Article...
က္က