• အချစ်ရေးက အေးဆေးပေမဲ့ သွေးအေးမသွားပါဘူးဆိုတဲ့ နန်းသူဇာတို့စုံတွဲ

ချစ်သူသက်တမ်း ၈ နှစ်ရှိပါပြီ။

နန်းသူဇာက ၈ နှစ်တာ ကာလအတွင်း ချစ်သူသက်တမ်း အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကလည်း စိတ်တူကိုယ်တူ၊ နားလည်မှုတွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ ပရိသတ်တွေက အားကျရတဲ့ စုံတွဲဆိုရင်လည်း မမှားပါဘူး။

image

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ချစ်သူ စုံတွဲက အခုဆိုရင် ချစ်သူ သက်တမ်း ၈ နှစ်ရှိပြီဖြစ်ပါတယ်။ အချိန်ကြာကြာ လက်တွဲထားတဲ့ သူတို့ရဲ့ အချစ်ရေးအကြောင်းကိုလည်း နန်းသူဇာက မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ နန်းသူဇာတို့ဆိုရင် ချစ်သူသက်တမ်း ၈ နှစ်ထဲမှာဆိုတော့ အရမ်းကြီး Ro တာတွေ၊ အရမ်းကြီး ချစ်တာတွေတော့ မရှိတော့ပါဘူး။ အေးအေးဆေးဆေးပါပဲ။ အရမ်းတွေ ငြိမ်သွားကြပါပြီ။ ဒါပေမယ့် သွေးအေးတာမျိုးတော့ မရှိပါဘူး’’ လို့ မတ်လ ၃ ရက်နေ့ ညက ကိုဝင်းမြတ်နဲ့ ဆန်းသစ်လ တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Kyaw Htut Swe

သူတို့ ချစ်သူစုံတွဲကိုတော့ နှစ်ဖက်မိဘကလည်း သဘောတူထားပြီးသား ဖြစ်ပါတယ်။ နှစ်ယောက်စလုံး ကလည်း အနုပညာရှင်တွေဖြစ်တာကြောင့် ပရိသတ်တွေကလည်း အားပေးချစ်ခင်လျက်ရှိပါတယ်။

‘’ နန်းသူဇာတို့ အတွက်ကတော့ ကြာလာတော့လည်း သံယောဇဉ် ပိုများလာတာပေါ့။ ဖြတ်ဖို့တောင် မလွယ်တော့ဘူးပေါ့နော်။ ပြောရမယ်ဆိုရင် ကိုယ်နဲ့ စိတ်တူကိုယ်တူ လူတစ်ယောက် ထပ်ရှာဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ အခုလည်း တစ်ယောက်နဲ့ တစ်ယောက် သွေးပူတာ၊ သွေးအေးတာမျိုးမဟုတ်ပဲ သံယောဇဉ်ပေါ့နော်။ အခုဆိုရင် မိသားစုတွေလည်း သိနေကြပြီလေ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Kyaw Htut Swe

နန်းသူဇာဟာ လူငယ်အဆိုတော်တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ အတူ Friend စီးရီးခွေကို ထွက်ရှိထားပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ချစ်သူနှစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားပြီး ဘဝတစ်ခုထူထောင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ သိရပါတယ်။

နန်းသူဇာကတော့ လက်ရှိမှာ ပွဲတွေ တက်ဖြစ်နေသလို သီချင်းတွေလည်း ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ အတွဲခွေများစွာ မှာ သီချင်းပါဝင်သီဆိုထားတဲ့ နန်းသူဇာက တစ်ကိုယ်တော်အခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သီချင်းပိုင်းကိုပဲ စိတ်ဝင်စားတဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းကို ကူးဖို့ အစီအစဉ်မရှိပါဘူးတဲ့။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က