• ဝါဆိုမြင့်အောင်ရဲ့ အနုပညာအရည်အချင်းအပေါ် မို့မို့မြင့်အောင်ရဲ့သုံးသပ်ချက်

တူမလေးဆိုပေမဲ့ သမီးအရင်းလို ချစ်ရကြောင်းလည်း ပြောပြလာပါတယ်။

မို့မိုု့မြင့်အောင်က တူမလေးဖြစ်သူ ဝါဆိုမြင့်အောင်ကို အရမ်းချစ်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ဝါဆိုမြင့်အောင်ဟာ စီးပွားရေးမှာရော၊ ပညာရေးမှာပါ ထူးချွန်တာကြောင့် အနုပညာမှာလည်း ထူးချွန်စေချင်တယ်လို့ ဆိုပါတယ်။

image

သရုပ်ဆောင် မို့မို့မြင့်အောင်က တူမဖြစ်သူ သရုပ်ဆောင် ဝါဆိုမြင့်အောင် ရဲ့ အနုပညာအရည်အသွေးတွေကို သုံးသပ်ပြောပြလာပါတယ်။ တူမလေးအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်မယ်ဆိုရင်တော့ အတူတူသရုပ်ဆောင်သွားမယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’သူ့ကို သိပ်လည်း မသင်ပေးဖြစ်ပါဘူး၊ အပေါ်ယံ အခြေခံလေးလောက်ပဲ သင်ပေးဖြစ်တာ ဒါက သူလည်း မျိုးရိုးက သွေးပါလာတော့လေ သူ ပိုပြေးတာပဲ။ နောက်ပိုင်း ဗီဒီယိုတွေမှာ သူ အိုက်တင်ပိုတတ်လာတယ်။ သူ့အတွက် ဇာတ်ကားကောင်းတစ်ကား ကြုံလာမယ်ဆိုရင်တော့ အတူတူရိုက်ဖြစ်မှာပါ’’ လို့ မို့မို့မြင့်အောင်က ဆိုပါတယ်။

Photo: မို့မို့မြင့်အောင်

ဝါဆိုမြင့်အောင်ဟာ အနုပညာအလုပ်သာမက ပညာရေးမှာလည်း ထူးချွန်သူဖြစ်သလို စီးပွားရေးမှာလည်း အရာရှိတစ်ယောက်ဖြစ်တယ်လို့ မို့မို့မြင့်အောင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောပြလာပါတယ်။ အနုပညာအလုပ်ကိုလည်း အောင်အောင်မြင်မြင် လုပ်စေချင်တယ်လို့ ‘’ကျွန်မချစ်သော ယောကျ်ား ၃ယောက်’’ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’သူ့ကိုတော့ အဓိပ္ပာယ်ရှိတဲ့သူတစ်ယောက် ဖြစ်စေချင်တယ်၊ သူတတ်ထားတဲ့ ပညာနဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်နေတယ်။ ဒီအရွယ်လေးနဲ့ သူ အရာရှိတစ်ယောက်ရာထူးကို ရရှိထားတယ်။ သူ့အထက်မှာ နိုင်ငံခြားသားအရာရှိတစ်ယောက်ပဲ ရှိတယ်။ အဲဒါကြောင့် မို့က သူ့ကို အနုပညာရှင်တစ်ယောက်ဖြစ်ရင်ဖြစ် မဖြစ်ရင် အဓိပ္ပာယ်မဲ့တဲ့ သူတစ်ယောက်မဟုတ်ပဲ အဓိပ္ပာယ်ရှိတဲ့ သူတစ်ယောက်ဖြစ်စေချင်တယ်။ အနုပညာလုပ်ဖို့ အခွင့်အရေးကြုံလာရင်တော့ သွေးကတော့ စကားပြောရမှာပဲလေ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: So So

မို့မို့မြင့်အောင်တို့ ဇနီးမောင်နှံဟာ သားသမီးရတနာ မရှိတာကြောင့် တူမလေး ဝါဆိုမြင့်အောင်ကို အခုချိန်ထိ သမီးအရင်းလေးလို ချစ်နေတုန်းပဲလို့ ဆိုပါတယ်။

‘’ငယ်ငယ်ကတည်းက သူ့ကို ‘’အိပ်ဆေး’’ သီချင်းနဲ့ပဲ သိပ်ခဲ့တာ။ သူ့အမေအရင်း၊ အဖေအရင်းကို မိထွေး၊ ပထွေးတဲ့။ အမေအရင်းက ဘယ်သူလဲဆို အမေမွှေးပဲ။ အဖေအရင်းဆိုရင် မမို့ယောက်ျားကို သူက ကျော်လို့ခေါ်တာ။ ကျော် တစ်လုံးတည်းခေါ်တာ။ သူ့ကိုလေ အရမ်းချစ်တာပဲ၊ တုန်နေအောင်ချစ်တာ။ မို့တို့ဆိုရင် သားသမီးမရှိတော့ သူ့ကိုပဲ တုန်နေအောင် ချစ်ရတာ’’ လို့ ဆိုပါတယ်။

Photo: မို့မို့မြင့်အောင်

မို့မို့မြင့်အောင်ဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က