ဈေးကွက်ပေါ်လိုက်ပြီး iPhone တွေရဲ့ ဈေးနှုန်းကို ချပေးနေပြီး တရုတ်မှာတော့ iPhone တွေကို တရုတ်ပေါက်ဈေးနဲ့လျှော့ပြီး ရောင်းလာချိန်မှာ အတော်လေး အဝယ်လိုက်နေတယ်လို့ဆိုပါတယ်။
တရုတ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Feng သတင်းဌာနဟာ အွန်လိုင်းစတိုးဆိုင်နှစ်ဆိုင်ဖြစ်တဲ့ Suning နဲ့JD.com တို့ရဲ့ ရောင်းအားကိုကြည့်ပြီး သတင်းဖော်ပြခဲ့တာပါ။ JD.com မှာ iPhone XR ကို ၆၀၉၉ ယွမ် (မြန်မာငွေ ၁၃ သိန်း ၇ သောင်းခန့်) နဲ့ရောင်းချနေတာ ဖြစ်ပြီး ဘယ်မော်ဒယ်လို့တော့ မပြောထားပါဘူး။

Photo: Mashable SEA
အလားတူ Suning မှာလည်း iPhone XR (မော်ဒယ်မသိရ) ကို ၆၁၉၉ ယွမ် (မြန်မာငွေ ၁၄ သိန်းခန့်) နဲ ့ရောင်းချနေပြီလို့ဆိုပါတယ်။ တရုတ်မှာ Apple online စတိုးကနေ iPhone XR ကို မူရင်းပေါက်ဈေး ၆၄၉၉ ယွမ် (မြန်မာငွေ ၁၄ သိန်း ၆ သောင်းခန့်) နဲ့ရောင်းချခဲ့တာ ဖြစ်လို့မြန်မာငွေ ၈ သောင်းခန့်သက်သာသွားတာ ဖြစ်ပါတယ်။ Apple ဟာ တရုတ်ဈေးကွက်ထဲမှာ iPhone XR ၊ XS ၊ XS Max နဲ့တစ်ခြား မော်ဒယ်ဟောင်းတွေကို ဇန်နဝါရီ ၁၀ ရက်နေ့ကစပြီး ဈေးတွေကို တရုတ်ယွမ်နဲ့ချိန်ပြီး ချပေးလာတာပါ။
Feng ဆိုက်ရဲ့ အဆိုအရ အခုလို ဈေးချပေးပြီးတဲ့နောက် ဝယ်လိုအားဟာ ၇၃% အထိ တက်လာတယ်လို့ဆိုပါတယ်။ Suning မှာ iPhone 8/8 Plus နဲ့iPhone XR တို့ရဲ့ ရောင်းအားက ထိုးတက်လာနေပြီး ဇန်နဝါရီ ၁၁ ရက်နောက်ပိုင်း အရင်ကထက် ရောင်းအား ၈၃% ပိုမြင့်လာတယ်လို့ဖော်ပြထားပါတယ်။ ဒီထဲမှာ iPhone XR က ဈေးအများဆုံး လျှော့ချပေးထားတာပါ။
Photo: Wall Street Journal
Apple ရဲ့ CEO တင်မ်ကွတ်ဟာ Reutersနဲ့အင်တာဗျူးတစ်ခုမှာ iPhone တွေကို ဈေးကွက်ပေါ်လိုက်ပြီး ဈေးနှုန်းချပေးဖို့စီစဉ်နေတယ်လို့ပြောခဲ့ပါတယ်။ ဒေါ်လာဈေး မာပြီး iPhone တွေပါ ဈေးလိုက်ကြီးသွားတာကြောင့် ရောင်းအားကျဆင်းမှုကို အခုလို ဖြေရှင်းခဲ့တာပါ။ iPhone သစ်တွေရဲ့ ဝင်ငွေကလည်း ၂၀၁၈ ကထက် ဒေါ်လာ သန်း ၇၀၀ နီးပါး ကျဆင်းတာကလည်း အခုလို ဈေးလျှော့ပေးဖို့အစီအစဉ်ဆီ ဦးတည်လာခဲ့တာ ဖြစ်ပါတယ်။
Apple ဟာ iPhone သစ်တွေကို လူတွေ ဝယ်ကိုင်စေဖို့အတွက် မော်ဒယ်အဟောင်းနဲ့အသစ်ကို အလိုက်ပေးပြီး လဲတဲ့ အစီအစဉ်လည်း ကမ္ဘာ့ဈေးကွက်မှာ မိတ်ဆက်ထားပါတယ်။