• UEFA ရဲ့ဆုံးဖြတ်ချက်ကို ရော်နယ်ဒို ဒေါသထွက်နေတယ်လို့ ပြောပြခဲ့တဲ့ အယ်လီဂရီ

ရီးရဲမက်ဒရစ်အသင်းအတွက် ချန်ပီယံလိဂ် ၃နှစ်ဆက်ရယူပေးခဲ့သူပါ။

ရီးရဲမက်ဒရစ်အသင်းကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုုဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ကနေ ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မရရှိခဲ့တဲ့အတွက် ဒေါသထွက်နေကြောင်း နည်းပြ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။

cristiano.ronaldo.juve.rimessa.2018.19.356x237.jpg

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲမက်ဒရစ်အသင်းအတွက် ၁၅ ဂိုးသွင်းယူပေးခဲ့ပြီး ၅ နှစ်အတွင်း ချန်ပီယံလိဂ်ဖလားကို ၄ ကြိမ်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် မဲပေးရွေးချယ်မှုမှာ ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး အသင်းဖော်ဟောင်း မိုဒရစ်က ဆုရရှိသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် လူကာမိုဒရစ်ဟာ ရော်နယ်ဒိုနည်းတူ ချန်ပီယံလိဂ်ဖလားကို ရရှိအောင် အဓိကစွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ခရိုအေးရှားအသင်းကိုလည်း ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဒုတိယနေရာရရှိအောင် အဓိကဦးဆောင်မှုပေးနိုင်ခဲ့သူဖြစ်ပါတယ်။

image
 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်အုပ်စုအဆင့်အတွက် နည်းပြ ၈၀ ဦးနဲ့ ဂျာနယ်လစ် ၅၀ ဦးတို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ရဲ့ ရွေးချယ်ခြင်းကို မခံခဲ့ရတာကြောင့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းရဲ့နည်းပြ အယ်လီဂရီက အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒေါသထွက်နေကြောင်း ပြောကြားခဲ့ပါတယ်။

"ခရစ်စတီယာနိုက အဆင်ပြေပါတယ်။ လေ့ကျင့်ရေးလည်း ကောင်းကောင်းလုပ်နေပါတယ်"

"ကြာသပတေးနေ့မှာ သူ ဒေါသထွက်နေပါတယ်။ ဘာလို့လဲဆိုတော့ သူ ချန်ပီယံလိဂ်ဖလားကိုလည်း ရရှိခဲ့သလို ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ပါ။ အဲဒါက သူ အမြဲတမ်းအကောင်းဆုံးဖြစ်ချင်တယ်ဆိုတာကို ပြသနေတာပဲ"

မိုနာကိုုမှာ ပြုလုပ်တဲ့ ဆုပေးပွဲကို ခရစ်စတီယာနိုရော်နယ်ဒို မတက်ရောက်ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း အယ်လီဂရီက ခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

"အဲဒါက သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ အဲဒါကို လေးစားရမှာပါ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က