• ရုပ်ရှင်ရိုက်ပြီးသွားလည်း ဘာမှပြောင်းလဲမသွားဘူးဆိုတဲ့ ဝင်းခန့်မိုး

ချိုပြုံးရဲ့ မြေးလေး ဖြစ်ပါတယ်။

ဝင်းခန့်မိုးဟာ ရုပ်ရှင်ကားရိုက်ကူးနေရပေမယ့်လည်း သူဟာ မင်းသားတစ်ယောက် မဖြစ်သေးဘူးလို့ဆိုပါတယ်။ ဘောင်းဘီတို၊ အကျီၤအတိုနဲ့ လျှောက်သွားလို့တော့ မရတော့ဘူးတဲ့။

image

ဝင်းခန့်မိုးကိုတော့ ချိုပြုံးရဲ့ မြေးလေးတစ်ယောက်အဖြစ် ပရိသတ်တွေ သိရှိပြီးဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရိုက်ကူးခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီနေ့အချိန်ထိ မင်းသားဖြစ်မလာသေးတဲ့ အကြောင်းကို Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ရုပ်ရှင်ရိုက်ပြီးသွားပြီဆိုတော့ မင်းသားဖြစ်ပြီပေါ့။ မင်းသားဖြစ်ပြီဆိုရင် အထာကြီးနဲ့ နေရမယ်ဆိုတာ ထင်တော့ ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် ဒီအတိုင်းပါပဲ။ ဘာမှတော့ မပြောင်းလဲသွားပါဘူး။ ဒါပေမယ့် စိတ်ဓာတ်ပိုင်းတော့ တော်တော်လေး သိလာတယ်။ ပိုပြီးတော့ နားလည်လာတယ်ပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Win Khant Moe

သူဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်လာရင်လည်း ကြီးကြီးကျယ်ကျယ် ပုံစံမျိုးမနေဘူးလို့ဆိုပါတယ်။ ဒါပေမယ့် အရင်တုန်းကလို လွတ်လွတ်လပ်လပ်နေလို့မရတော့ဘူးလို့လည်း ဝင်းခန့်မိုးက ပြောပါတယ်။

‘’မင်းသားဖြစ်ပြီဆိုပြီး အချေကြီးနဲ့ နေတာမျိုးတော့ ကျွန်တော်က မဖြစ်ပါဘူး။ အရင်လို ဘောင်းဘီတို၊ အင်္ကျီအတိုနဲ့တော့ လျှောက်သွားလို့မရဘူး။ စမတ်ကျကျ နေရမယ်ပေါ့။ ဒါပေမယ့်လည်း ဘာမှ မထူးပါဘူး ဒီအတိုင်းပါပဲ’’ ဆိုပြီးတော့ ဇူလိုင်လ ၁၆ ရက်နေ့က သူစိမ်းအိမ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Win Khant Moe

ဝင်းခန့်မိုးဟာ တကယ်တော့ လိမ္မာတဲ့ ကလေးတစ်ယောက်မဟုတ်ဘူးလို့ သူကိုယ်တိုင်က ပြောပြလာပါတယ်။ သူ့ရဲ့ မလိမ္မာတာတွေက သူငယ်ချင်းတွေကိုပါ ကူးစက်သွားပါတယ်တဲ့။

‘’ကျွန်တော် မလိမ္မာဘူး ဆိုတာကလည်း ကျွန်တော့်အရှေ့မှာ အစ်ကိုတစ်ယောက်ရှိတယ်။ သူမလုုပ်ဖူးတာတွေ ကျွန်တော်လုပ်တယ်။ အတန်းလစ်တာတို့၊ ကျောင်းပြေးတာတို့၊ ကျူရှင်ပြေးတာတို့လိုပေါ့။ ကျွန်တော့် သူငယ်ချင်းတွေ ပျက်စီးတာ ကျွန်တော့်ကြောင့်။ အပြင်တွေ ထွက်တတ်တာ၊ ဘောလုံးတွေ ခိုးကန်တတ်တာတွေက ကျွန်တော့်ကြောင့်’’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။

Photo: Win Khant Moe

ဝင်းခန့်မိုးဟာ အခုဆိုရင် ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ ‘’လရဲ့အောက်ဘက် မိုင်အဝေးမှာ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူ့ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရွှေကြိုမောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေအားပေးခဲ့တာပါ။ အသက်ငယ်သူလည်းဖြစ်သလို ရုပ်ရှည်ချောမောလွန်းတာကြောင့် မိန်းကလေးပရိသတ်တွေ အားပေးမှုရရှိထားသူတစ်ယောက်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က