• ရုပ်ရှင်ရိုက်ရတာ ပျော်နေပြီဆိုတဲ့ နေခြည်ဦး

မကြာခင်မှာလည်း နေတိုးနဲ့ ရုပ်ရှင်ရိုက်မှာနော်။

နေခြည်ဦးက အခမ်းနားဆုံး မေတ္တာဆိုတဲ့ ရုပ်ရှင်ကားကြီးကို သရုပ်ဆောင် နေတိုးနဲ့ အတူ ရိုက်ကူးရမှာဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်ရိုက်ရတာ ပျော်နေပါပြီတဲ့။

image

နေခြည်ဦးက ရုပ်ရှင်ရိုက်နေရတာကို ပျော်တယ်လို့ ဆိုပါတယ်။ သူမက မကြာခင်မှာ အခမ်းနားဆုံး မေတ္တာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးရတော့မှာဖြစ်ပါတယ်။

‘’ ရုပ်ရှင်ရိုက်တာ ပျော်တယ်။ ပိုပင်ပန်းတယ်။ ဒါပေမယ့် ပညာလည်း အများကြီးရတယ်။ Best Regards to 7 Sense Production’’ ဆိုပြီးတော့ ဧပြီလ ၂၉ ရက်နေ့ ညက သူ့ရဲ့ Facebook Story မှာ ရေးသားထားတာ တွေ့ရပါတယ်။ သိပ်မကြာခင်မှာပဲ သူမဟာ သရုပ်ဆောင် နေတိုးနဲ့အတူ အခမ်းနားဆုံး မေတ္တာဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။


Photo: Nay Chi Oo

နေခြည်ဦးကတော့ နေတိုးနဲ့ အတူ ‘’အခမ်းနားဆုံး မေတ္တာ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပထမဆုံး အတူတွဲ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ 7 Sense Production က ထုတ်လုပ်သွားမှာပါ။ ဒီဇာတ်ကားထဲမှာ နေတိုး၊ ရဲအောင်၊ သူရိယ၊ တိုင်ရွန်၊ စိုးမြတ်သူဇာ၊ နေခြည်ဦး နဲ့ မေဘရဏီသော် တို့က အဓိက ပါဝင်သရုပ်ဆောင် သွားမှာပါ။

Photo: Nay Chi Oo

နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်ပေါင်း ၈ သိန်းကျော်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို နေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။

Photo: Nay Chi Oo

သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။

နေခြည်ဦးက အခုဆိုရင်တော့ အနုပညာလောကထဲမှာ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။ သူမဟာ ‘’ဧည့်သည်’’ ၊ ‘’အောက်ဖဲမလှန်ကြေး’’၊ ‘’ ကိုယ်ပွား’’၊ ‘’ရန်သူ’’၊ စတဲ့ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။

Share

Duwun on Youtube
>
Loading Next Article...
က္က