Google ဟာ နောက်နှစ်ဆန်းပိုင်းမှာ Windows 7 နဲ့ Windows 8.1 တို့အတွက် Chrome နောက်ဆုံးဗားရှင်းကို ဖြန့်ချိတော့မှာပါ။
ဖေဖော်ဝါရီ ၇ ရက် ၂၀၂၃ ခုနှစ်မှာ Chrome 110 ဖြန့်ချိဖို့ စီစဉ်ထားတာ ဖြစ်ပြီး ဒါဟာ Microsoft Operating Systems ဟောင်းနှစ်ခုအတွက် Chrome က နောက်ဆုံးထုတ်ပေးတဲ့ Final Version ပဲ ဖြစ်ပါတယ်။ ဒီ နောက်ဆုံး Update ရပြီးရင်လည်း Google Chrome ကို ဆက်ပြီးအသုံးပြုနိုင်မှာ ဖြစ်ပေမယ့် Windows 7 နဲ့ Windows 8.1 တွေနဲ့ မောင်းနှင်တဲ့ ကွန်ပျူတာတွေအတွက် Updates နဲ့ Security Patches သစ်တွေ ထပ်ရတော့မှာ မဟုတ်ပါဘူး။
Photo: thurrott
Updates သစ်တွေ ရတော့မှာ မဟုတ်လို့ အွန်လိုင်းဆိုက်ဘာတိုက်ခိုက်ခံရနိုင်ခြေ များပါတယ်။ Microsoft ဟာ ၂၀၀၉ ခုနှစ်မှာ Windows 7 ကို ပထမဆုံး ဖြန့်ချိခဲ့တာ ဖြစ်ပြီး ၂၀၂၀ မှာ Support ပေးမှု တရားဝင်ရပ်ဆိုင်းခဲ့တာပါ။ အချက်အလက်တွေအရ Windows 7 OS ကို ဆက်လက်အသုံးပြုနေတဲ့ တစ်ကိုယ်ရေသုံးကွန်ပျူတာတွေက အနည်းဆုံး အလုံးရေသန်း ၁၀၀ ရှိနိုင်တယ်လို့ ဆိုပါတယ်။ StatCounter ရဲ့ အချက်အလက်အရဆို Windows 7 OS သုံးထားတဲ့ စက်တွေဟာ ကမ္ဘာတစ်ဝှမ်း Desktop ဈေးကွက်ဝေစုရဲ့ ၁၀.၆၈% အထိ ရှိနေတာ ဖြစ်ပါတယ်။
Windows 8.1 ကတော့ ကွန်ပျူတာဈေးကွက်ရဲ့ ၂.၇% ပဲ ရှိတာပါ။ လုံခြုံရေးအထောက်အပံ့မရတော့တဲ့ Operating System နဲ့ Support ဆက်မရှိတော့တဲ့ Web Browser တွေကို ဆက်အသုံးပြုနေသူတွေဟာ ဆိုက်ဘာလုံခြုံရေးအန္တရာယ်များပါတယ်။ Update support မရတော့တဲ့အတွက် Google Chrome Web Browsers သုံးနေကြတဲ့ Windows 7 နဲ့ Windows 8.1 ပိုင်ရှင်တွေဟာ Windows 10 နဲ့ Windows 11 ကို Upgrade လုပ်မယ်လို့ မျှော်လင့်ရပါတယ်။
"နောက်ပိုင်း Chrome က ဖြန့်ချိတဲ့ Updates တွေ ဆက်လက်ရဖို့ သင့်စက်မှာ Windows 10 နဲ့ နောက်ပိုင်းဗားရှင်းသစ်တွေ အသုံးပြုဖို့ လိုပါတယ်။ ဒါက ၂၀၂၃ ဇန််နဝါရီ ၁၀ ရက်မှာ Windows 7 ESU နဲ့ Windows 8.1 Extended Support တို့အတွက် Microsoft ရဲ့ Support ပေးမှု အဆုံးသတ်ခြင်းနဲ့လည်း ကိုက်ညီမှုရှီပါတယ်။" လို့ Google က ကုမ္ပဏီရဲ့ Chrome Help Blog က ဖော်ပြပါတယ်။