• Featured

    ဝန်ထမ်းတွေအတွက် Face Mask ထုတ်နေတဲ့ Apple

ကော်ပိုရိတ်နဲ့ လက်လီစတိုးဝန်ထမ်းတွေကို ပေးသွားမှာပါ

COVID-19 ကူးစက်မှု ကာကွယ်ဖို့ Apple Design Team ဟာ ဝန်ထမ်းတွေအတွက် Mask တွေ ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

ကူပါတီနိုအခြေစိုက် Apple ကုမ္ပဏီဟာ ကော်ပိုရိတ်ရုံးတွေနဲ့ လက်လီစတိုးဝန်ထမ်းတွေအတွက် Apple Face Mask နဲ့ Apple ClearMask တို့ကို ဖြန့်ဝေသွားမှာ ဖြစ်တယ်လို့ Apple Insider သတင်းက ဖော်ပြထားပါတယ်။ Apple Face Mask ကို iPhone နဲ့ iPd စတဲ့ ထုတ်ကုန်တွေကို ဒီဇိုင်းထုတ်တဲ့ Apple ရဲ့ Engineering and Industrial Design Teams က ဒီဇိုင်းဆွဲပေးထားတာပါ။

image

Photo: Apple Insider

ဒီ Face Mask ဟာ ပြင်ပအမှုန်အမွှားတွေ စစ်ထုတ်ပေးမယ့် အလွှာသုံးလွှာ ပါရှိပြီး ရေလျှော်နိုင်တဲ့အပြင် ၅ ကြိမ်အထိ ပြန်သုံးနိုင်မယ်လို့ ဆိုပါတယ်။ လေကို ကောင်းကောင်း စစ်ထုတ်ပေးနိုင်မယ့် ပစ္စည်းအစိတ်အပိုင်းတွေ သုံးထားပြီး တပ်ဆင်သူရဲ့ နှာခေါင်းနဲ့ မေးစေ့နေရာတွေကို သေချာကာကွယ်နိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။

Apple Face Mask ကို လာမယ့်နှစ်ပတ်ကစပြီး ဝန်ထမ်းတွေဆီ ပေးပို့သွားမှာပါ။ ClearMask ကတော့ နာမည်အတိုင်း ထွင်းဖောက်မြင်ဒီဇိုင်းနဲ့ လာပါတယ်။အကြားအာရုံချို့တဲ့သူများအတွက် ဝတ်ဆင်သူ စကားပြောတာကို ကြည့်ပြီး နားလည်နိုင်စေဖို့ Transparent ဒီဇိုင်းနဲ့ လာတာ ဖြစ်ပါတယ်။ 

Photo: Business Insider

ClearMask အတွက် Apple ဟာ ဆွံအ, နားမကြားကျောင်းတစ်ခု ဖြစ်တဲ့ ဝါရှင်တန် Gallaudet University နဲ့ ပူးပေါင်းပြီး တီထွင်ခဲ့တာပါ။ ဒီ mask ကို Apple Store ၃ ခုမှာ ရှိတဲ့ ဝန်ထမ်းတွေနဲ့လည်း စမ်းသပ်ထားပါတယ်။ Apple အနေနဲ့လည်း ကိုယ်ပိုင် ထွင်းဖောက်မြင် Mask တစ်မျိုး ဒီဇိုင်းထုတ်နေတယ်လို့ ဆိုပါတယ်။

COVID-19 ကပ်ကာလအတွင်း Apple ဟာ အမေရိကန်နိုင်ငံအတွင်းမှ ကျန်းမာရေးဝန်ထမ်းများအတွက် Face Mask ပေါ်ငး ၁၀ သန်း ထောက်ပံ့ခဲ့ပြီး Face Shield တစ်မျိုးလည်း ထုတ်လုပ်ပေးခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က