• ၈ နှစ်အတွင်း မြန်မာနိုင်ငံမှာ တောဆင်ရိုင်း ၁၀၈ ကောင်သတ်ဖြတ်ခံရ

မြန်မာနိုင်ငံမှာ ကျက်စားနေတဲ့ တောဆင်ရိုင်းကောင်ရေက ၂၀၀၀ ပဲ ကျန်ပါတော့တယ်။

၂၀၁၀ ခုှနှစ် ၂၀၁၈ ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းသတ်ဖြတ်ခံရမှုပေါင်း ၁၀၈ ကောင်ရှိခဲ့တယ်လို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အောက်တိုဘာ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ “ဖမ်းဆီးရမိ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ မီးရှို့ဖျက်ဆီးခြင်း” အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

 

43209927_857367974470428_4470821957385846784_o.jpg

Photo - WSC

 

မြန်မာနိုင်ငံမှာ ဆင်စွယ်တင်မကဘဲ ဆင်သားရေနဲ့ ဆင်နှာမောင်းတွေ၊ ဆင်အသားတွေကိုပါ သတ်ဖြတ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အနေအထားနဲ့ဆိုရင် တစ်ပတ်ကို ဆင်တစ်ကောင်နှုန်းနဲ့ အသတ်ခံနေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သစ်တောဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က ပြောပါတယ်။

လက်ရှိတော့ မြန်မာနိုင်ငံမှာ ကျက်စားနေတဲ့ တောဆင်ရိုင်းကောင်ရေက ၂၀၀၀ ခန့်ပဲကျန်ရှိတော့ပြီး တစ်နှစ်ကို ဆင်ကောင်ရေ ၁၀၀ ကနေ ၂၀၀ ကြားအသတ်ခံနေရရင် လာမယ့် ၁၀ နှစ်အတွင်းမှာ မြန်မာ့ဆင်မျိုးစိတ်တွေ ကျန်ရှိတော့မဟုတ်ဘူးလို့ ဆိုပါတယ်။

43090969_857368004470425_5124453535307530240_o.jpg

Photo - WSC

ဒါကြောင့် ဆင်ခိုးဂိုဏ်းတွေ အများဆုံးရှိနေတဲ့ ရန်ကုန်၊ပဲခူး၊ဧရာဝတီတိုင်းဒေသကြီးတို့မှာ ဆင်သတ်ဖြတ်ခံရမှုတွေ၊ တောဆင်တွေကို ဖမ်းဆီးပြီး ဆင်အကောင်လိုက် တရားမဝင်တင်ပိုမှုတွေကို သစ်တောဦးစီးဌာနနဲ့ သက်ဆိုင်ရာ ဌာနတွေ ပူးပေါင်းပြီး ဖော်ထုတ်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ လက်ရှိတော့ သစ်ေတောဦးစီးဌာနက မြန်မာဆင်ထိန်းသိမ်းရေးစီမံချက် ( Myanmar Elephant Conservation Action Plan 2018-2027 ) ကို WCS ၊ WWF ၊ Smithsonian Institutions အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းရေးဆွဲနေပါတယ်။

ဒါ့အပြင် တောရိုင်းတိရစ္ဆာန်များကို တရားမဝင် အမဲလိုက်ခြင်းနှင့် တရားမဝင် ကူးသန်းရောင်းဝယ်ခြင်းတွေကို ဥပဒေအရ အရေးယူဖို့ “နိုင်ငံအဆင့် တားဆီးနှိမ်နှင်းရေးလုပ်ငန်းအဖွဲ့” ကို သစ်တောဦးစီးဌာန အပါအဝင် တရားဥပဒေစိုးမိုးရေးလုပ်ငန်များမှာ အဓိက ဆောင်ရွက်နေတဲ့ ဌာန (၇) ခု ပူးပေါင်းပြီး တရားမဝင် အမဲလိုက် သတ်ဖြတ်မှုများ၊ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုတွေကို တားဆီးဖို့ စီမံချက်ရေးဆွဲလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က