• ရာမို့စ်ကိုတော့ ဂရင်းဝုဒ်လည်း မကျော်နိုင်တော့ပါလားလို့ ဆီဗီလာဘက်က လှောင်ပြောင်

ဆီဗီလာက ဂီတာဖေးကို အနိုင်ရခဲ့တာပါ။

ဆီဗီလာရဲ့ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဂီတာဖေး တိုက်စစ်ကစားသမား ဂရင်းဝုဒ်ကို လှောင်ပြောင်ခဲ့ကြောင်း သိရှိရပါတယ်။ ဆီဗီလာဟာ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ကိုပါဒယ်ရေးဖလားပွဲမှာ ဂီတာဖေးကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိပြီး နောက်တစ်ဆင့် တက်ခဲ့တာပါ။

image

ဒီပွဲမှာ ရာမို့စ်က ဆီဗီလာအတွက် သွင်းဂိုးတစ်ဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂီတာဖေးရဲ့ နာမည်ကျော် တိုက်စစ်ကစားသမား ဂရင်းဝုဒ် အခွင့်အရေးမရအောင်လည်း ခြေစွမ်းပြနိုင်ခဲ့ကာ ဆီဗီလာဘက်က အခုလိုမျိုး လှောင်ပြောင်ခဲ့တာပါ။

image

ဆီဗီလာရဲ့ ဆိုရှယ်မီဒီယာမှာ “ရာမို့စ်တစ်ယောက် ဒီညပွဲအပြီး သူ့ရဲ့ အိတ်ကပ်ကို ရှင်းထုတ်တဲ့အခါ” ဆိုတဲ့ ကပ်ရှင်နဲ့အတူ သော့၊ ပိုက်ဆံအိတ်၊ ဖုန်းနဲ့အတူ ဂရင်းဝုဒ်ရဲ့ပုံကိုပါ တင်ထားခဲ့တာဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ ဂရင်းဝုဒ်က ရာမို့စ်ရဲ့အိတ်ကပ်ထဲ ရောက်ခဲ့တယ်ဆိုတဲ့ သဘောပါပဲ။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရပြီး စပိန်လာလီဂါကလပ်မှာ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေခဲ့တာဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ နယ်မြေသစ်မှာ အသင်းသစ်နဲ့အတူ ခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ​ ဂီတာဖေးရဲ့ တစ်လတာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

ဒါပေမယ့် ဆီဗီလာနဲ့ပွဲမှာတော့ ဂရင်းဝုဒ်တစ်ယောက် ဘာမှမလုပ်ပြနိုင်ခဲ့ဘဲ ရာမို့စ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ဂရင်းဝုဒ်တစ်ယောက် ဘယ်လောက်ကောင်းကောင်း၊ ရာမို့စ်ကိုတော့ မကျော်နိုင်သေးဘူးလို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

Share

Loading Next Article...
က္က