• ရာသီကြိုကာလမှာ ရော်နယ်ဒိုရဲ့နည်းစနစ်အတိုင်း လိုက်လံကျင့်သုံးနေတဲ့ ရီးရဲလ်ကစားသမားများ

ကွင်းတွင်းကွင်းပြင်မှာ လိုက်နာနေကြတာပါ။

ရီးရဲလ်ကစားသမားတွေဟာ လက်ရှိ ရာသီကြိုကာလမှာ ရော်နယ်ဒိုရဲ့ နေထိုင်စားသောက်ပုံတွေ၊ ခံယူချက်တွေအတိုင်း လိုက်လံကျင့်သုံးနေတယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုက ရီးရဲလ်ရဲ့ ဂန္တဝင်တစ်ယောက်ဖြစ်ခဲ့ပြီး အသင်းသမိုင်းမှာ ဂိုးသွင်းအများဆုံးဖြစ်ခဲ့တာပါ။

image

အခုလည်း ရီးရဲလ်ကစားသမားတွေဖြစ်တဲ့ ဗီနီရှပ်စ်၊ ရိုဒရီဂို၊ ချူအာမန်နီ၊ အာဒါဂူလာ၊ အန်းဒရစ်ခ်တို့က ရော်နယ်ဒိုရဲ့ နည်းစနစ်တွေအတိုင်း နွေရာသီကာလကို ဖြတ်သန်းနေတယ်လို့ သိရှိရပါတယ်။ ဘရာဇီးသားတစ်ယောက်ဖြစ်တဲ့ ဗီနီရှပ်စ်ဟာ ရှေ့က နောင်တော်ကြီးတွေနဲ့မတူဘဲ ပုံစံတစ်မျိုးနဲ့ မြင်တွေ့နေရတာပါ။


ရော်နယ်ဒိုဟာ တစ်ရက်ချင်းစီမှာ ထရိန်နင်ကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုလုပ်ပြီး နေထိုင်စားသောက်မှုပုံစံကို အသေးစိတ် ဂရုစိုက်ခဲ့တာပါ။ အခုချိန်အထိလည်း သူ့ရဲ့ ပုံစံတွေက ရီးရဲလ်လေ့ကျင့်ရေးကွင်းမှာ မြင်တွေ့နေရပြီး ရီးရဲလ်ကစားသမားအချို့က ဒါကို လိုက်နာကျင့်သုံးနေကြတာပါ။

ရီးရဲလ်ကို ဒီနွေမှာ ရောက်လာခဲ့တဲ့ အမ်ဘာပေ၊ အန်းဒရစ်ခ်တို့ကလည်း ရော်နယ်ဒိုဟာ သူတို့ရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောကြားထားပါတယ်။ ကာမာဗင်ဂါ၊ ရိုဒရီဂို၊ ဗီနီရှပ်စ်၊ အာဒါဂူလာတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းတွေကလည်း တော်တော်လေး တိုးတက်လာတာကို မြင်တွေ့ရပါတယ်။

Share

Loading Next Article...
က္က