• ရီးရဲလ်မှာ ရော်နယ်ဒိုရဲ့ နေထိုင်ပုံအတိုင်း တသဝေမတိမ်း လိုက်နာရမယ့် အမ်ဘာပေ

အမ်ဘာပေကို ရော်နယ်ဒိုပုံစံအတိုင်း သွပ်သွင်းဖို့ ပြင်ဆင်နေတာပါ။

ရီးရဲလ်မက်ဒရစ် ကစားသမားသစ် အမ်ဘာပေဟာ ဒီနေ့မှာ အသင်းရဲ့ ကစားသမားသစ်အဖြစ် တရားဝင် ကြေညာသွားမှာ ဖြစ်ပါတယ်။ အမ်ဘာပေက လက်ရှိနွေရာသီမှာ ရီးရဲလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ကစားသမားပါ။

image

သူ့ရဲ့ မိတ်ဆက်ပွဲကို ပီရက်ဇ်က ခမ်းခမ်းနားနား ပြုလုပ်သွားဖို့ ပြင်ဆင်ထားပြီး ဇီဒန်းတက်ရောက်မယ့်အပြင် မီးရှူးမီးပန်းတွေကိုပါ ပြင်ဆင်ထားတယ်လို့ သိရှိရပါတယ်။ ဒီလိုမျိုး အမ်ဘာပေနဲ့ ပတ်သက်လို့လည်း ရီးရဲလ်ဘက်က အစီအစဉ်တစ်ခု ချမှတ်ထားပါတယ်။

image

အဲ့ဒါကတော့ အမ်ဘာပေအနေနဲ့ သူ့ရဲ့ စံပြပုဂ္ဂိုလ် ရော်နယ်ဒိုရဲ့ ပုံစံအတိုင်း ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ ပြင်ဆင်ထားတာပါ။ ဒီအတွက် ကြံ့ခိုင်ရေးနည်းပြ ပင်တက်စ်က ပြင်ဆင်ထားပြီး ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှု လေ့ကျင့်ခန်း ပုံစံတွေအတိုင်း အမ်ဘာပေက လိုက်ပါ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပင်တက်စ်ဟာ ရီးရဲလ်မှာ ကစားသမားတွေ ချစ်ကြောက်ရိုသေရတဲ့ နည်းပြအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ လေ့ကျင့်ခန်းတွေကလည်း ပြင်းထန်တယ်လို့ နာမည်ကြီးနေပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်မှာ (၉) နှစ်ကြာ ကစားခဲ့ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်မှတ်တမ်းတင်နိုင်ခဲ့တာပါ။

သူ့အသက်က အခုချိန်မှာ (၃၉) နှစ်ရှိနေပြီဆိုပေမယ့် ပေါ်တူဂီအတွက်၊ အယ်လ်နာဆာအတွက် ပါဝင်ကစားပေးနိုင်စွမ်း ရှိတုန်းပါ။ ဒီလိုမျိုး ကစားပေးနိုင်တာကလည်း သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ အဆက်မပြတ် တည်ဆောက်ခဲ့တာကြောင့်ဖြစ်ပြီး ရီးရဲလ်က အမ်ဘာပေကို ရော်နယ်ဒိုလိုမျိုး ဖြစ်လာဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က