စပါးကစားသမားဟောင်း အိုဟားရားက သူ့အသင်းဟောင်းအနေနဲ့ ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့်ကို ခေါ်ယူသင့်ကြောင်း အကြံပေးလာခဲ့ပါတယ်။ စပါးဟာ အသင်းရဲ့ လူစာရင်းကို ပိုမိုတောင့်တင်းဖို့ ပြင်ဆင်နေရတာပါ။

ဒီလိုအနေအထားမျိုးမှာ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူဖို့ စပါးတို့ ကြိုးပမ်းနေရပြီး အသင်းရဲ့ ကစားသမားဟောင်းကြီးကလည်း ယူနိုက်တက်မှာ အနာဂတ် မသေချာတဲ့ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့အတွက် စပါးကို တိုက်တွန်းပြောကြားခဲ့ရတာပါ။

အိုဟားရားက “ပြီးခဲ့တဲတစ်ရာသီလုံး ကျနော် ရပ်ရှ်ဖို့ဒ်ကို ကြည့်ခဲ့ရတာ တကယ်ကို အံ့အားသင့်စရာပဲ။ ဒါပေမယ့် သူ့အတွက်တော့ ကျနော် စပါးမှာ နေရာတစ်နေရာ ရှိပါတယ်။ သူက လူတန်နဲ့ပွဲမှာ ကွင်းထဲက ထွက်လာပြီးတော့ ကျနော့်စိတ်ထဲမှာ သူ ဒီထက် ပိုလုပ်နိုင်တယ်ဆိုတာကို သိခဲ့ပါတယ်”
“သူ့ရဲ့အနေအထားက အဆင့်အတန်းတစ်ခုမှာရှိပြီး နည်းပြတစ်ယောက်ယောက်က သူ့ရဲ့အကောင်းဆုံးပုံစံကို ထုတ်ယူနိုင်မယ်ဆိုရင် သူက ထိပ်တန်း ကစားသမားဖြစ်လာမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ရာသီသစ်မှာလည်း ပုံမှန်ပွဲထွက်ခွင့်တစ်နေရာကို ဆုံးရှုံးရဖွယ်ရှိနေပါတယ်။