• Featured

    ရော်နယ်ဒို ဒီရာသီမှာ ဘယ်နှဂိုးသွင်းနိုင်မလဲ ခန့်မှန်းပေးလိုက်တဲ့ ရှီးယားနဲ့ ဂယ်ရီလိုင်နီကာ

ရော်နယ်ဒို ဒီရာသီ ဘယ်နှဂိုးသွင်းမလဲဆိုတဲ့ မီကာရစ်ချက်ရဲ့မေးခွန်းကို ရှီးယားနဲ့ လိုင်နီကာတို့ကဖြေကြားပေးခဲ့တာပါ။

အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်ကြီးတွေဖြစ်တဲ့ အလန်ရှီးယားနဲ့ ဂယ်ရီလိုင်နီကာတို့က ရော်နယ်ဒို ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းယူနိုင်မယ့် ဂိုးအရေအတွက်တွေကို ခန့်မှန်းပြောကြားပေးသွားခဲ့ပါတယ်။

image

အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း ပထမဆုံး ကစားတဲ့ နယူးကာဆယ်နဲ့ပွဲမှာတင် (၂) ဂိုးသွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့တာပါ။ ဒါ့အပြင် ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၆) ပွဲမှာ (၅) ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။

image

ရော်နယ်ဒိုအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆုအတွက် လီဗာပူးတိုက်စစ်ကစားသမား ဆာလာ၊ လက်စတာ တိုက်စစ်မှူး ဗာဒီတို့နဲ့ အပြိုင်နွှဲရဖို့ရှိပြီး ရှီးယားနဲ့ လိုင်နီကာတို့ကတော့ ရော်နယ်ဒို ဒီရာသီမှာ အနည်းဆုံး ဂိုး (၂၀) သွင်းယူနိုင်မယ်လို့ ခန့်မှန်းပေးခဲ့တာပါ။

ရော်နယ်ဒို ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘယ်နှဂိုးသွင်းနိုင်မလဲဆိုတဲ့ မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချက်ရဲ့ မေးခွန်းကို ရှီးယားက “ရော်နယ်ဒိုရဲ့ ကစားသမားဘဝကို ကြည့်လိုက်ပါ။ သူ့ရဲ့ ကစားသမားဘဝကို ယူနိုက်တက်မှာပဲ အစပြုခဲ့တယ်လို့ဆိုနိုင်ပါတယ်။ သူက အစိမ်းသပ်သပ် ပရီးမီးယားလိဂ်ကို ပထမဆုံးရောက်လာခဲ့တုန်းက တကယ်ကို အံ့အားသင့်ဖွယ် အရည်အချင်းတွေကို ပြသနိုင်ခဲ့ပါတယ်”

“သူ ယူနိုက်တက်ကို စွန့်ခွာသွားတဲ့ နောက်ဆုံးရာသီ (၂၀၁၉) မှာ ပရီးမီးယားလိဂ်သွင်းဂိုး (၂၀) မကျော်ဘူးထင်တယ်ဗျ။ ကျွန်တော်ပြောတာ မှန်တယ်ထင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာလည်း သူ့ဆီက သေချာပေါက်အာမခံနိုင်တာ လိဂ်သွင်းဂိုး (၂၀) ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဂယ်ရီလိုင်နီကာကလည်း “ဒါက အခြေအနေအပေါ်လည်း မူတည်ပါသေးတယ်။ တကယ်လို့ ရော်နယ်ဒိုသာ ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင်တော့ (၂၅) ဂိုးလောက်တော့ သွင်းနိုင်မှာပါ” လို့ ခန့်မှန်းပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် (၄) ပွဲကစား၊ (၃) ဂိုးသွင်း၊ ချန်ပီယံလိဂ်မှာ (၂) ပွဲကစား၊ (၂) ဂိုးသွင်းယူပေးထားနိုင်ပြီး သူ့ရဲ့ဂိုးသွင်းစွမ်းရည်တွေကို ဆက်လက်ထိန်းသိမ်းသွားနိုင်မလား စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က