• ရော်နယ်ဒိုဂိုးသွင်းလို့ ပရီးမီးယားလိဂ်ရော၊ ချန်ပီယံလိဂ်ရော မရနိုင်ဘူးလို့ ဂျွန်ဘားနက်စ်သတိပေး

ဆိုးလ်ရှားကို ရော်နယ်ဒိုအမြဲတမ်းမကယ်နိုင်ဘူးလို့ ဂျွန်ဘားနက်စ်က သတိပေးခဲ့တာပါ။

လီဗာပူးဂန္တဝင်ကစားသမားကြီး ဂျွန်ဘားနက်စ်က ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေကြောင့် ဆိုးလ်ရှားကို ကယ်တင်နိုင်မှာမဟုတ်ဘဲ ဆုဖလားတွေကို မျှော်လင့်နေလို့ မရဘူးလို့ သတိပေးပြောကြားခဲ့ပါတယ်။ ဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်မှာ (၄) ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီးတဲ့နောက် ဖိအားတွေအောက် ရောက်ရှိခဲ့ပါတယ်။

image
ပြီးခဲ့တဲ့စနေက ကစားခဲ့တဲ့ စပါးနဲ့ပွဲမှာတော့ ရော်နယ်ဒို၊ ကာဗာနီ၊ ရပ်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ယူနိုက်တက်တို့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အင်္ဂါည ချန်ပီယံလိဂ်ပွဲမှာလည်း ရော်နယ်ဒိုရဲ့ချေပဂိုးနှစ်ဂိုးနဲ့အတူ အတ္တလန်တာကို အိမ်ကွင်းမှာ သရေတစ်မှတ်ရရှိခဲ့တာပါ။
image

ရော်နယ်ဒို ယူနိုက်တက်ကိုရောက်လာပြီးနောက်ပိုင်း အသင်းရဲ့ ဂိုးသွင်းတာဝန်ကို ရော်နယ်ဒိုတစ်ယောက်တည်းက ထမ်းပိုးထားတယ်လို့ဆိုနိုင်ပြီး ဒီနောက်ပိုင်းရလဒ်တွေအတွက်လည်း ရော်နယ်ဒိုက ဆိုးလ်ရှားကို အဓိကကယ်တင်ပေးနေတယ်လို့ ပရိသတ်တွေက ယူဆနေပါတယ်။ ဒါပေမယ့်လည်း ဆိုးလ်ရှားဆီမှာ အားနည်းချက်တွေရှိနေဆဲဆိုတာ လက်ခံထားရမှာဖြစ်ပြီး ဒီအပေါ်မှာတော့ ဂျွန်ဘားနက်စ်ကလည်း အခုလိုပြောကြားခဲ့ပါတယ်။

ဂျွန်ဘားနက်စ်က “ရော်နယ်ဒိုက အသင်းအတွက် တော်တော်လေး ကြီးမားတဲ့ မျှော်လင့်ချက်ပါ။ ဒါပေမယ့် ရော်နယ်ဒိုဂိုးသွင်းပြီး အသင်းနိုင်ပွဲမရ၊ ဆုဖလားတွေမရရင်လည်း ဆိုးလ်ရှားကို ကယ်နိုင်မှာ မဟုတ်ပါဘူး။ ယူနိုက်တက်က အသင်းလိုက်တည်ငြိမ်တဲ့ ကစားပုံကို ပြသဖို့ တကယ်လိုအပ်နေပါပြီ”

“ရော်နယ်ဒိုက ဆိုးလ်ရှားကို အမြဲတမ်းမကယ်နိုင်ပါဘူး။ ဆိုးလ်ရှားကို အဓိကမေးခွန်းထုတ်ရမှာက အသင်းရဲ့တည်ငြိမ်တဲ့ပုံစံတစ်ခုကို ပြသနိုင်ဖို့အတွက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ လီဗာပူးကို အိမ်ကွင်းမှာ ၀-၅ ဂိုးနဲ့ ရှုံးနိမ့်ပြီးတဲ့နောက် ဆိုးလ်ရှားရဲ့ရာထူးက တော်တော်လေးလှုပ်ခတ်ခဲ့တာပါ။

ဒါပေမယ့် သူ့အနောက်မှာ အသင်းတာဝန်ရှိသူတွေနဲ့ ဂန္တဝင်နည်းပြဖာဂူဆန်တို့က ရပ်တည်ပေးခဲ့ပြီး ရော်နယ်ဒိုကလည်း ဆိုးလ်ရှားကို လေးစားမှုထားဖို့၊ ကြိုးစားအားထုတ်မှုကို မလျှော့ချဖို့ အသင်းသားတွေကို အဝတ်လဲခန်းထဲမှာ ထိန်းသိမ်းပေးခဲ့ပါတယ်။

ဆိုးလ်ရှားအနေနဲ့ စပါး၊ အတ္တလန်တာ၊ မန်စီးတီးတို့နဲ့ပွဲတွေမှာ ရလဒ်ကောင်းရအောင် ကြိုးစားရမှာဖြစ်ပြီး လက်ရှိကစားပြီးခဲ့တဲ့နှစ်ပွဲမှာတော့ စပါးကိုအနိုင်၊ အတ္တလန်တာကိုသရေ ကစားခဲ့တာကြောင့် မန်စီးတီးနဲ့ပွဲမှာသာ ရလဒ်ထပ်ကောင်းခဲ့ရင် ယူနိုက်တက်နည်းပြအဖြစ် သေချာပေါက်ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က