ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ အသင်းဖော်ဟောင်း ရော်နယ်ဒို ပေးခဲ့တဲ့ လက်ဆောင်နှစ်ခုကို ဘယ်သူမှ အထိမခံဘဲ သိမ်းဆည်းထားကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ရော်နယ်ဒို ယူနိုက်တက်မှာ ရှိစဉ်တုန်းက သူတို့နှစ်ဦးအကြား အဆင်မပြေဖြစ်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။


ဒီဖိနပ်ရဲ့ နာမည်ကတော့ Nike Air Max 97 CR7 ဖြစ်ပြီး ရော်နယ်ဒိုရဲ့ ကစားသမားဘဝအစနဲ့ သူ့မိခင်ရဲ့ ထောက်ပံ့ပေးမှုတွေကို ထင်ဟပ်စေတဲ့ ဒီဇိုင်းကို ပုံဖော်ထားပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ရပ်ရှ်ဖို့ဒ်က “ဘယ်သူမှ ရော်နယ်ဒိုပေးထားတဲ့ လက်ဆောင်တွေကို ထိလို့မရပါဘူး။ သူက ကျွန်တော်အကြိုက်ဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး သူ့ကစားပုံကို ကျွန်တော် သဘောကျပါတယ်”
“ဖိနပ်ကိုတော့ ကျွန်တော် စီးချင်ပေမယ့် အဲ့ဒီဖိနပ်သာ ပျက်စီးသွားခဲ့ရင် ကိုယ့်ကိုယ်ကိုယ် ဘာလုပ်မိမယ်မှန်း မသိပါဘူး။ အဲ့ဒီတော့ ဒါတွေကို သိမ်းဆည်းထားတာပဲ ကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။