ဘောလုံးဝေဖန်သုံးသပ်သူ ပေါလ် မာဆန်က မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဘာနာဒို ဆေးလ်ဗားက မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုထက်တောင် ပိုကောင်းမွန်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင်ကစားသမားဖြစ်တဲ့ ပေါလ် မာဆန်က မန်စီးတီးကွင်းလယ်ကစားသမားဟာ လက်ရှိအချိန် ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ပေါ်တူဂီကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘာနာဒို ဆေးလ်ဗားဟာ ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးအသင်းအတွက် လိဂ်ပွဲစဉ် ၁၅ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

ဘာနာဒို ဆေးလ်ဗားရဲ့ ကွင်းလယ်က သာလွန်တဲ့ စွမ်းဆောင်ရည်က အမှတ်ပေးဇယားဦးဆောင်နေသူ မန်ချက်စတာစီးတီးအတွက် အဓိကကျခဲ့တာဖြစ်ပြီး Sky Sports ဘောလုံးဝေဖန်သုံးသပ်သူ ပေါလ် မာဆန်က ပေါ်တူဂီကွင်းလယ်ကစားသမားဟာ ရော်နယ်လ်ဒိုထက်တောင် အများကြီး သာလွန်နေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
"ဘာနာဒို ဆေးလ်ဗားက သူ့ရဲ့ပွဲစဉ်တွေမှာ ထိပ်တန်းမှာ ရှိနေပြီး သူ့ကိုယ်သူအတွက်လည်း အရမ်းကောင်းကောင်း လုပ်နိုင်နေပါတယ်။ မာရက်ဇ်၊ စတားလင်း၊ ဒီဘရိုင်းနားတို့က အရင်တုန်းက ထိလို့မရတဲ့သူတွေ ဖြစ်ခဲ့ကြပေမယ့် အခုတော့ ဘာနာဒို ဆေးလ်ဗားက အဓိကကစားသမားဖြစ်နေပါပြီ။ ပက် ဂွါဒီယိုလာက တော်တော်လေး ကံကောင်းနေခဲ့တာ တကယ်ပါပဲ"
"ဘာနာဒို ဆေးလ်ဗားက အခုအချိန် ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ပေါ်တူဂီကစားသမားလို့ ကျွန်တော် ထင်ပါတယ်။ သူ့နီးနီးတောင် ကောင်းတဲ့သူ မရှိဘူးမဟုတ်လား။ ကျွန်တော် တကယ်ပြေတာ သူ့အနေနဲ့ သူ့ကစားသမားဘဝမှာ ရော်နယ်လ်ဒို ရခဲ့တဲ့အောင်မြင်မှုတွေလောက်တော့ ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ ဘာနာဒို ဆေးလ်ဗားကို ကျော်ပြီး ကြည့်ဖို့ ခင်ဗျားအတွက် ခက်ခဲပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။