မနေ့ညက ကစားခဲ့တဲ့ ရိုမေးနီးယားနဲ့ ယူကရိန်းတို့ရဲ့ ယူရိုအုပ်စုပွဲမှာ ရိုမေးနီးယားက သုံးဂိုးပြတ်နဲ့ အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် နိုင်ပွဲရဖို့ ရေပန်းစားခဲ့တာက ယူကရိန်းဖြစ်ခဲ့တာပါ။

ယူကရိန်းမှာ ရီးရဲလ်မက်ဒရစ်အတွက် တစ်ရာသီလုံး လက်စွမ်းပြခဲ့တဲ့ ဂိုးသမား လူနင်၊ နောက်တန်းမှာ ဇင်ချန်ကို၊ တိုက်စစ်မှာ မူဒရစ်ခ်၊ ဒိုဘက်ခ်တို့ ပါဝင်ခဲ့တာပါ။ ပွဲကစားချိန်အစောပိုင်းမှာလည်း ယူကရိန်းတို့ ဖိအားပေးနိုင်ခဲ့ပေမယ့် မထင်မှတ်ထားတာတွေကြောင့် ရှုံးပွဲကြုံခဲ့ရတာပါ။

ယူကရိန်းဂိုးသမား လူနင် လူပေးမှားတာကတစ်ဆင့် ရိုမေးနီးယား အသင်းခေါင်းဆောင် စတန်ချူက ဦးဆောင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်းမှာလည်း မာရင်က အဝေးကန်ချက်နဲ့ ရိုမေးနီးယားအတွက် ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒီဂိုးမှာလည်း လူနင်ရဲ့ ကာကွယ်မှုက အားနည်းချက်ရှိခဲ့ပြီး ကာကွယ်နိုင်သင့်ပါလျက်နဲ့ ဘောလုံးက ဂိုးထဲဝင်သွားခဲ့တာပါ။ ပွဲအပြီးမှာ ယူကရိန်းတို့ သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး လူနင်က ဒီရှုံးပွဲအတွက် အဓိကတရားခံဖြစ်သွားခဲ့ပါတယ်။
လူနင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်အတွက် အကောင်းဆုံး လက်စွမ်းပြခဲ့သူပါ။ အသင်းကို ချန်ပီယံလိဂ်ဖိုင်နယ်ဆီ ပို့ဆောင်ပေးနိုင်ခဲ့သလို လာလီဂါ၊ စပိန်စူပါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့နဲ့အတူ အောင်ပွဲခံနိုင်ခဲ့ပါတယ်။