• ရွန်းနီရဲ့ပြောစကားကြောင့် ကွန်ဖရင့်လိဂ်နဲ့ပါညားမယ့်ကိန်းတွေမြင်လာတဲ့ ယူနိုက်တက်

ယူနိုက်တက်တို့ အဆင့် (၄) နေရာကို စိန်ခေါ်နိုင်စွမ်းတောင်မရှိဘူးလို့ ပြောခဲ့တာပါ။

ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်း ရွန်းနီက သူ့အသင်းဟောင်းအနေနဲ့ ရာသီကုန်မှာ အဆင့် (၄) နေရာရဖို့အတွက်တောင် စိန်ခေါ်နိုင်စွမ်းမရှိဘူးလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၇) နေရာမှာ ရပ်တည်နေပါတယ်။

image

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်တို့ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက ပိုမို စိတ်ဝင်စားဖို့ကောင်းလာပါပြီ။ ဒီတပတ်မှာ ချဲလ်ဆီးကလည်း ဘရန့်ဖို့ဒ်ကို ဂိုးပြတ်ရှုံးခဲ့တာကြောင့် ချဲလ်ဆီးရဲ့ အဆင့် (၃) နေရာကလည်း အများကြီး အမှားမခံတော့ပါဘူး။

image

ဒါပေမယ့် လက်ရှိခြေစွမ်းတွေအရတော့ အာဆင်နယ်၊ စပါး၊ ဝက်စ်ဟမ်းနဲ့ ယူနိုက်တက်တို့ကသာ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် (၄) နေရာအတွက် အပြိုင် ရုန်းကန်ရမှာပါ။ ဒီအပေါ်မှာ ရွန်းနီက သူ့ရဲ့အမြင်တွေကို အခုလိုပဲ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ရွန်းနီက “ကျနော့်အထင် အဆင့် (၄) နေရာက အာဆင်နယ် ဒါမှမဟုတ် စပါးအတွက်ပါပဲ။ နောက်ပိုင်း ယူနိုက်တက်ရဲ့ ပုံစံတွေကို ကြည့်ရသလောက် သူတို့ အဆင့် (၄) ကို စိန်ခေါ်နိုင်စွမ်းတောင်မရှိပါဘူး။ စပါးက အတွေ့အကြုံအရ အာဆင်နယ်ထက် ပိုကောင်းပါတယ်။ ဒီတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စပါးကို ကျနော်ပေးချင်ပါတယ်”

“နောက်ပြီး အခုအနေအထားက ဘယ်သူကမှ အဆင့် (၄) နေရာကို မယူချင်သလိုပဲဗျာ။ မန်စီးတီးနဲ့လီဗာပူးတို့ရဲ့အောက်က အသင်းတွေက တည်ငြိမ်မှုမရှိပါဘူး။ သူတို့နှစ်သင်းပဲ အပတ်တိုင်း ပုံစံကောင်းပြနေပါတယ်။ ချဲလ်ဆီး၊ ယူနိုက်တက်၊ အာဆင်နယ်၊ စပါးတို့က မတည်မငြိမ်ဖြစ်နေပြီး သူတို့ရဲ့လိဂ်ရပ်တည်မှုတွေကို ဒါကို သက်သေပြနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

စပါးနဲ့အာဆင်နယ်တို့ဟာ လာမယ့် မေ (၁၂) မှာ စပါးရဲ့အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲကျန်အဖြစ် ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ အဲ့ဒီပွဲက နှစ်သင်းလုံးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို အဆုံးအဖြတ်ပေးသွားနိုင်ပါတယ်။ ယူနိုက်တက်ကတော့ အခုတိုင်းသာ ခြေစွမ်းဆိုးရွားနေသေးရင်တော့ ယူရိုပါလိဂ်ဝင်ခွင့်နဲ့တောင် လွဲချော်သွားနိုင်ပါတယ်။ 

Share

Loading Next Article...
က္က