• ယူနိုက်တက်၊ အာဆင်နယ်၊ ချဲလ်ဆီးတို့ကို အတွဲလိုက်ငြင်းခဲ့တဲ့အပေါ် ကြယ်ပွင့် ဆက်စ်ကိုဖွင့်ဟ

ဟာလန်းလက်သစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ကစားသမားပါ။

လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျာမင်ဆက်စ်ကိုဟာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ယူနိုက်တက်၊ ချဲလ်ဆီး၊ အာဆင်နယ်တို့ရဲ့ စိတ်ဝင်စားမှုကို ငြင်းဆန်ခဲ့တဲ့အပေါ် ဖွင့်ဟခဲ့ပါတယ်။ အသက် (၂၁) နှစ်အရွယ် ဆလိုဗေးနီးယားတိုက်စစ်မှူးဟာ ဟာလန်းလက်သစ်ဖြစ်လာမယ်လို့ သတ်မှတ်ခံထားရတာပါ။

image

ပြီးခဲ့တဲ့ရာသီမှာလည်း ဆက်စ်ကိုက ပြိုင်ပွဲစုံမှာ (၁၈) ဂိုးသွင်းယူနိုင်ခဲ့ပြီး ထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဆက်စ်ကိုကတော့ လိုက်ပ်ဇစ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီအပေါ်မှာ ဖွင့်ဟလာခဲ့တာပါ။

image

ဆက်စ်ကိုက “ကျနော့်အထင် လက်ရှိအခြေအနေကလည်း အရမ်းကောင်းနေပါတယ်။ ကျနော်ကိုယ်တိုင်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့တယ်လို့ထင်ပြီး ကျနော် မလောဘဲနဲ့ အတွေ့အကြုံအသစ်တွေ၊ သင်ယူစရာအသစ်တွေကို ရယူချင်ပါသေးတယ်”

“လိုက်ပ်ဇစ်ရဲ့ ရည်မှန်းချက်က ရှင်းလင်းပါတယ်။ တိုးတက်ဖို့ ဂိုးတွေပိုရဖို့ဖြစ်ပြီး အသင်းမှာဆက်နေဖို့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။ အနာဂတ်မှာတော့ ဆက်စ်ကိုက ပရီးမီးယားလိဂ်မှာ သွားရောက်ကစားဖို့အတွက် လမ်းဖွင့်ထားကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က