• ယူရိုမှာ ဗိုလ်စွဲနိုင်တဲ့ အသင်း (၃) သင်းကို မော်ရင်ဟို ခန့်မှန်းပေးခဲ့

ဂိုးသွင်းဘုရင်နဲ့ အကောင်းဆုံးဆုတွေအတွက်ပါ ခန့်မှန်းပေးခဲ့ပါသေးတယ်။

ဘောလုံးလောကရဲ့ ဂန္တဝင်နည်းပြကြီးတစ်ယောက်ဖြစ်တဲ့ မော်ရင်ဟိုက လာမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲမယ့် အသင်းတွေနဲ့ ပတ်သက်လို့ ခန့်မှန်းပေးသွားခဲ့ပါတယ်။ ယူရိုပြိုင်ပွဲကိုတော့ မနက်ဖြန်ညကနေ စတင်ပြီး ကျင်းပတော့မှာပါ။

image

အုပ်စုအဖွင့်ပွဲအဖြစ် အိမ်ရှင် ဂျာမနီနဲ့ စကော့တလန်တို့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက်တော့ ပရိသတ်တွေကလည်း သူတို့ရဲ့ သက်ဆိုင်ရာအသင်းတွေအတွက် အသီးသီး ရင်ခုန် စိတ်လှုပ်ရှားနေကြပါပြီ။

image

ပြိုင်ပွဲမှာဗိုလ်စွဲဖို့အတွက် အိမ်ရှင်ဂျာမနီ၊ ပြင်သစ်၊ ပေါ်တူဂီ၊ အင်္ဂလန်တို့က အထူးရေပန်းစားနေပါတယ်။ အဲ့ဒါကြောင့်လည်း မော်ရင်ဟိုကို မထင်မှတ်ထားတဲ့ အသင်းတစ်သင်းက ဗိုလ်စွဲနိုင်မလားလို့ မီဒီယာတွေက မေးမြန်းခဲ့တာပါ။

မော်ရင်ဟိုကတော့ “ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလန်တို့ မဟုတ်ဘဲ အခြားအသင်းတစ်သင်း ဗိုလ်စွဲခဲ့မယ်ဆိုရင်တော့ ဒါက အံ့အားသင့်စရာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီသုံးသင်းက ရေပန်းအစားဆုံးမို့လို့ပါ။ ဂျာမနီ ဗိုလ်စွဲခဲ့ရင်တောင် ကျနော့်အတွက် မထင်မှတ်ထားတဲ့ဖြစ်ရပ်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ဘယ်လင်ဟမ်၊ ဂိုးသွင်းဘုရင်ဆုကို ဟယ်ရီကိန်းက ဆွတ်ခူးရရှိသွားမယ်လို့လည်း မော်ရင်ဟိုက ခန့်မှန်းပေးခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က