• Featured

    Zoom ပေါ်ကနေ ပထမဆုံး ဂျူရီကြားနာမှု စတင်လုပ်ဆောင်

Virtual Hearings တွေ လာတော့မယ်

တက္ကဆက်ပြည်နယ် တရားရုံးတစ်ခုဟာ Zoom ရုပ်သံပလက်ဖောင်းပေါ်ကနေ အကျဉ်းရုံးကြားနာမှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။

ကောလင်းကောင်တီခရိုင်တရားရုံးဟာ video conferencing စနစ်နဲ့ ကြားနာမှု လုပ်ခဲ့တာ ဖြစ်ပြီး ဒါဟာ COVID-19 အကြပ်အတည်းအတွင်း အမေရိကန်မှာ ပထမဆုံး ရုပ်သံပလက်ဖောင်းတစ်ခုပေါ်ကနေ တရားရေးဆိုင်ရာ ကြားနာအမှု ဖြစ်လာမယ်လို့ အာဏာပိုင်တွေက ယုံကြည်ထားပါတယ်။ Reuters သတင်းအရ ဒီတစ်ပတ် တနင်္လာနေ့မှာ ဂျူရီလူကြီး ရွေးချယ်မှုကို Video Conferencing နဲ့ ရွေးချယ်ခဲ့ပြီး တရားရေးအဖွဲ့ဝင် ၂ ဒါဇင်ကျော်ဟာ သူတို့ရဲ့ စမတ်ဖုန်း ၊ တက်ဘလက်နဲ့ လက်ပ်တော့တွေကနေ ဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

image

Photo: Law.com

၄၇၀ ဦးမြောက် တရားသူကြီး အမ်မလီမစ္စကဲလ်ဟာ သူမရဲ့ YouTube ပေါ်မှာ တစ်နာရီခွဲခန့်ကြာမြင့်တဲ့ ဂျူရီရွေးချယ်မှုကို တိုက်ရိုက် Live Streaming လွှင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ထဲမှာပဲ Zoom ကနေ Jurors များကို အစီရင်ခံမယ့်အကြောင်း ခရိုင်တရားသူကြီး အမ်မလီမစ္စကဲလ်က ပြောခဲ့ပါတယ်။ ''Zoom ကနေ ကြားနာမှုအကျဉ်းလောက် လုပ်ပါမယ်။'' လို့ တရားသူကြီးက ပြောပါတယ်။မေလ ၁၈ ရက်နေ့မှာ လုပ်မယ့် အကျဉ်းရုံး ဂျူရီကြားနာမှုဟာ Jurors များအတွက် ရုပ်သံအစည်းအဝေးနည်းပညာ စမ်းသပ်တဲ့ သဘောလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

တရားသူကြီး မစ္စကဲလ်ဟာ အွန်လိုင်းဂျူရီရွေးချယ်မှုအတွင်း ဂျူရီလောင်းများအတွက် Zoom အသုံးပြုနည်းပါ ညွှန်ပြခဲ့ပါတယ်။ ရွေးချယ်ခံရတဲ့ ဂျူရီလူကြီးတွေဟာ ၂၀၁၇ ခုနှစ်က မုန်တိုင်းကြောင့် ပျက်စီးမှုအပေါ် လျော်ကြေးမပေးကြောင်း State Farm အာမခံကုမ္ပဏီကို စွပ်စွဲထားတဲ့ အမှုကို ကြားနာစီရင်ရမှာပါ။ ဒီအမှုကို မတ်လထဲမှာ လုပ်ဆောင်ဖို့ ကနဦး သတ်မှတ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

COVID-19 ကူးစက်မှု ရပ်တန့်ဖို့ အမေရိကန်နိုင်ငံမှာ ကပ်ဘေး ပြီးဆုံးတဲ့အထိ တရားခွင်များအတွင်း လူကိုယ်တိုင် လာရောက်ကြားနာမှု ခေတ္တရပ်ဆိုင်းထားပါတယ်။ တက္ကဆက်ပြည်နယ်အမှုတော့ တရားစီရင်မှုများကို Zoom ကနေ ကြားနာတဲ့ အမှုတစ်ခု ဖြစ်လာမှာပါ။ နိုင်ငံတော်တရားရုံးများ အမျိုးသားစင်တာ NCSC ရဲ့ အဆိုအရ ပြည်နယ် ၃၉ ခုနဲ့ ကိုလံဘီယာခရိုင်တရားရုံးတို့ဟာ ပုံရိပ်ယောင်ကြားနာမှုကို သုံးဖို့ တိုက်တွန်းနေတယ်လို့လည်း ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က