ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Xiaomi ဟာ ကုမ္ပဏီခေါင်းဆောင်မှုပိုင်း အပြောင်းအလဲ လုပ်ခဲ့ပါတယ်။
Xiaomi ကို ပူးတွဲတည်ထောင်ခဲ့သူထဲက တစ်ဦးဖြစ်ပြီး မိုဘိုင်းဌာနမှာ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ လင်းဘင်ရဲ့ နေရာမှာ ZTE မိုဘိုင်းဌာနရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်းဖြစ်သူ အဒမ်ဇောင်ကို ခန့်အပ်သွားမှာပါ။ လင်းဘင်ဟာ နည်းဗျူဟာရေးရာ ကော်မတီရဲ့ ဒုဥက္ကဃအဖြစ် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ Gizmochina သတင်းက ဆိုပါတယ်။

Photo: Fortune
အဒမ်ဇောင်ဟာ ၂၀၁၇ ခုနှစ်မှာ ZTE ကနေ နှုတ်ထွက်ခဲ့သူ ဖြစ်ပြီး မိုဘိုင်းနည်းပညာနယ်ပယ်မှာ နှစ် ၂၀ ခန့် အတွေ့အကြုံတွေ ရှိထားသူ ဖြစ်ပါတယ်။ ထိပ်တန်းနည်းပညာလုပ်ငန်းကြီးတွေ ဖြစ်တဲ့ Sharp ၊ ZTE တို့မှာလည်း ဦးဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
သတင်းတွေအရ ဇောင်ဟာ Xiaomi ရဲ့ စမတ်ဖုန်းထုတ်လုပ်မှုနဲ့ သုတေသနဘက်မှာပါ ခေါင်းဆောင်သွားမယ်လို့ ဆိုပါတယ်။ ဇောင်ဟာ ဒေသတွင်းအစိုးရနဲ့ သိပ္ပံဆိုင်ရာ အဖွဲ့တွေအကြား ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ Huixin Communication ကိုလည်း တည်ထောင်ခဲ့ပါတယ်။
Xiaomi ဟာ နောက်ဆုံးပေါ် နည်းပညာသစ် ဖွံ့ဖြိုးရေးကို ဦးစားပေးထားတဲ့ ဒီ အဖွဲ့အစည်းမှာလည်း ရင်းနှီးမြှပ်နှံထားသလို 5G အခြေခံအဆောက်အဦပိုင်း ဖွံ့ဖြိုးတိုးတက်ရေးလည်း လုပ်ဆောင်နေပါတယ်။ Xiaomi ကိုယ်တိုင်လည်း မတူညီတဲ့ ကုမ္ပဏီအသီးသီးက ထိပ်တန်းခေါင်းဆောင်တွေကို ငှားရမ်းထားပါတယ်။
အရင်ကလည်း Xiaomi ဟာ Gionee ဥက္ကဌ လုဝေဘင်း ၊ Lenovo မိုဘိုင်းဖုန်းစီးပွားရေးတည်ထောင်သူ ချန်ချမ်နဲ့ တစ်ခြားသူတွေကိုလည်း ခေါ်ထားပါတယ်။